Episode 31

1.1K 117 11
                                    

Uni

ဝိုင်ရနံ့နဲ့အတူ ရင်းနှီးနေပြီးသားဖြစ်သည့် ယောကျ်ားရနံ့ကို ပြင်းပြင်းထန်ထန်ခံစားရသည်။ သူ့တစ်ကိုယ်လုံးသည် ချွေးတို့နှင့် ရွှဲနစ်နေကာ စေးကပ်ကပ်ဖြစ်နေသည်။ ဝိုင်နှင့် အိပ်ချင်စိတ်ကြောင့် သူ့ အသိစိတ်တွေက ရီဝေဝေဖြစ်နေခဲ့သည်။ အပူရှိန်တွေက ကိုယ်အတွင်းမှနေ၍ တရှိန်းရှိန်း တဖိန်းဖိန်းထွက်လာတာကြောင့် ဝရန်တာက ဝင်လာသည့် လေသည်လည်း မအေးနိုင်တော့။

လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ထိတွေ့နေကြောင်း ခံစားရသည်။ ထိုလူက သူ့လည်ပင်းကို အငမ်းမရနမ်းရှုံ့ပြီး သူ့ကို ယားယံစေသည်။ သစ်တောက အလွယ်တကူ မယားတတ်ပေမဲ့ လည်ပင်းက သူ့အားနည်းချက်ဖြစ်သည်။ ထိုနေရာကို ထိလိုက်လျှင် လူက ယားရုံတင်မက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ဖြစ်သွားတတ်သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ် အပူချိန်ကို သူ ခံစားရသည်။ သူ့လက်ကောက်ဝတ်နှစ်ဖက်ကို လက်ဖဝါးကြီးနှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူ့နှုတ်ခမ်းတွေဆီ နမ်းလာခဲ့သည်။ ထိုသူ၏ ဝင်လေထွက်လေက သူ့မျက်နှာပေါ် ပွတ်တိုက်နေပြီး သူ့နှုတ်ခမ်းကို ထိတွေ့နေသည့် အနမ်းတွေက ပိုပြင်းထန်လာခဲ့သည်။

"ဟင်း"

သစ်တော ညည်းလိုက်ပေမဲ့ ခေါင်းထဲက ဦးနှောက်‌သေးသေးလေးက တောင်ပြေးမြောက်ပြေးဖြစ်နေလေပြီ။ တက်တက်ကြွကြွဖြင့် သူ နိုးထလာချင်ပါသော်လည်း ဒီအခြေအနေမှာ သူ လုပ်နိုင်တာ ဘာမှမရှိပေ။ သူ မျက်လုံးတွေကို အားတင်းပြီး ဖွင့်လိုက်တော့ သူ့အပေါ်အုပ်မိုးနေသည့် လူကို တွေ့ရသည်။ ထိုလူသည် သူ့ကို ငေးစိုက်ကြည့်နေပြီး ထိုအကြည့်တွင် အဓိပ္ပာယ် အများကြီး ပါဝင်နေသည်။

တစ်ဖက်လူက သူ့ကို ဝါးစားမတတ် မျိုချလုမတတ် စိတ်ဆန္ဒတွေ ပြင်းထန်နေပြီး ထိုစိတ်ဆန္ဒတွေကို အချိန်တော်တော်ကြာအောင် မျိုသိပ်သိမ်းဆည်းခဲ့ရပုံပင်။ ဒီညတော့ အဲ့ဒီလူကို ဘယ်လိုအရာမျိုးကမှ တားနိုင်မည်မထင်တော့။

စတွေ့တုန်းကလို ခံစားချက်ကြီးက ဝုန်းခနဲရောက်လာကာ သခင့်အကြည့်တွေကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အားပျော့သွားရသည်။ ကြောက်ရွံ့ပြီး ငိုချင်သည့်စိတ်တွေက တဖွားဖွားပေါ်လာပေမဲ့ သခင့်ရဲ့ နူးညံ့တဲ့ ပွတ်သပ်မှုလေးတွေမှာ ဇိမ်မခံချင်တာမျိုးလည်းမဟုတ်။

သစ်တော (Completed)Donde viven las historias. Descúbrelo ahora