Uni
နေရောင်သည် ကန့်လန်ကာပါးပါးကိုဖောက်၍ အိပ်ခန်းထဲသို့ အလုအယက်တိုးဝင်လာသည်။ ရွှေရောင်စားပွဲတင်နာရီလေးပေါ် အလင်းကျသွားကာ လက်တံတိုမှာ ၇ကို ထိုးနေပြီဖြစ်သည်။ ကုတင်ပေါ်တွင် အိပ်နေသော ကောင်လေးမှာ အမွှေးပွစောင်ကြီးထဲမှာ လုံးရင်းထွေးရင်း အိပ်မောကျနေသည်။
ဘောင်းဘီတိုလေးနှင့် တီရှပ်က ရင်ဘတ်ကို လန်နေသည်အထိ ထိုးကန်အိပ်ထားသော ပုံလေးမှာ ချစ်စရာပင်။ အဖြူဆွတ်ဆွတ်မွေ့ရာကြီးက စောင်မွှေးပွတွေနဲ့မို့ အသိုက်လေးလို ဖြစ်နေကာ ကောင်လေးကို ပို၍ အနွေးဓာတ်ပေးသည်။ ဒါကြောင့်မို့ သူများအိမ်ကိုပြောင်းအိပ်တဲ့ ပထမညဖြစ်နေတာတောင် သစ်တော အိပ်ပျော်တာ ဖြစ်နိုင်သည်။
ဒေါက် ဒေါက် ဒေါက်
"သားရေ နိုးပြီလား"
အပြည့်အဝ အိပ်ရေးဝသွားလို့ထင်သည်။ အန်တီချစ်၏ ပထမဆုံး ခေါ်သံနှင့်တင် သစ်တော မျက်လုံးတွေ ပွင့်လာခဲ့သည်။ ဦးနှောက်တွေက ဘာရယ်လို့ အလုပ်မလုပ်သေးပေမဲ့ သူ ဒီအတိုင်းပင် တံခါးဆီသို့ လျှောက်သွားကာ ဂျက်ကို ဖွင့်ပေးလိုက်သည်။
ကော်ရစ်တာတွင် အလင်းရောင်တို့ ပြည့်နှက်နေပြီဖြစ်ကာ သက်ဝင်လှုပ်ရှားစရာကောင်းသော လေထုက ပျံ့လွင့်နေသည်။ အန်တီချစ်က သူ့ကိုမြင်တော့ ချိုချိုသာသာ ပြုံးပြသည်။ သို့သော် ထိုအပြုံးက မနေ့ကအပြုံး မဟုတ်တာတော့ သေချာသည်။
သစ်တော အန်တီချစ်ကိုမြင်တော့ မနေ့က ကိစ္စကို ပြန်တွေးမိကာ မလုံမလဲဖြစ်သွားရသည်။ သူ့ရင်ဘတ်ထဲမှာ ကလိကလိဖြစ်နေပြီး ဘာကိုဘယ်လို ဖြေရှင်းပြရမလဲ မသိအောင်ကိုပင်။
"သား ရေအရင်ချိုးလိုက်၊ ပြီးရင် ဒါဝတ်ပြီး ထမင်းလာစားနော်။ မင်းဘွားဘွားကြီးက လေ့ကျင့်ခန်းလုပ်ပြီးလို့ ခဏနားနေတာ။ သားထမင်းစားပြီးမှ အဘွားဆီသွားပြီး သူနဲ့အတူ နေပေးလိုက်နော်"
"ဟုတ်ကဲ့ အန်တီချစ်"
သစ်တော ခေါင်းညိတ်လိုက်ပြီးမှ သူ့တာဝန်သူ သတိရသွားတာကြောင့် ခေါင်းကို ဆတ်ခနဲပြန်မော့လိုက်သည်။
![](https://img.wattpad.com/cover/319257957-288-k124608.jpg)
ESTÁS LEYENDO
သစ်တော (Completed)
RomanceUni မျက်လုံးချင်းဆုံတိုင်း ရလာတဲ့ ရင်းနှီးနေတဲ့ ခံစားချက်တွေ၊ ညသန်းခေါင်အိပ်မက်ထဲက ဝိုးတိုးဝါးတား အနမ်းတွေ၊ လရောင်အောက်က သင်မထားလည်း အလွတ်ရနေတဲ့ ကကွက်တွေ... ကြည့်ရတာ ဒီအချစ်က ဒီဘဝမှ စခဲ့တာ မဟုတ်ဘူးထင်ပါရဲ့။ ။ Cover By Pinterest Zawgyi မ်က္လံုးခ်င္း...