Uni
ယိုင်တိုင်တိုင်ဖြစ်နေသော ခြေလှမ်းများက တောက်ပြောင်သန့်ရှင်းနေသော ကြမ်းခင်းကိုဖြတ်ကာ ဧည့်ခန်းမှ တဆင့် ဝင်လာခဲ့သည်။ အိမ်ကြီးသည် ကျယ်ပြန့်လှပလွန်းကာ ဧည့်ခန်းမှ ထွက်လိုက်သည်နှင့် အပေါ်ထပ်တက်သည့် ကြောင်လိမ်လှေကားကြီးအား ခန့်ညားထည်ဝါစွာ မြင်နိုင်လေသည်။
ကော်ဇောကြီးများခင်းထားကာ ဖုန်တစ်စက်မှ မရှိသော လှေကားကြီးက မိုးပေါ်က ကျလာတဲ့ လှေကားတစ်စင်းနှင့်တူနေသည်။ ထိုလှေကားမှတဆင့် တက်သွားလိုက်လျှင် နတ်ပြည်နတ်ဘုံကိုရောက်ပြီး လှပလွန်းသော နတ်မျိုးနွယ်ဝင်လေးနှင့် တွေ့ဆုံကြုံရတော့မည့်နှယ်။
အိမ်ကြီးရှင်အမျိုးသားသည် ရူးသွပ်စွဲလန်းစွာဖြင့် နှုတ်ခမ်းထောင့်စွန်းများအား တွန့်ကွေးလိုက်သည်။ မူးလာသည်မှန်သော်ငြား သူ့ခြေလှမ်းများက လှေကားမတက်နိုင်သည်ထိတော့မဟုတ်။
ဖြည်းဖြည်းမှန်မှန်ဖြင့် လှေကားကို တစ်ဆင့်ချင်းတက်သွားပြီးနောက် ကော်ဇောနီအပြည့်ခင်းထားသည့် အပေါ်ထပ် အိမ်ခန်းသို့ရောက်သည်။ အခန်းပေါင်းများစွာက စီတန်းနေသည့်အပြင် နံရံတွေသည် နံရံကပ်စက္ကူတွေဖြင့် တခမ်းတနား လှပနေသည်။
အမျိုးသား၏ ခြေလှမ်းများသည် နေရာကို အလွတ်ရပြီးသည့်သဖွယ် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ တစ်နေရာကို လျှောက်သွားလိုက်သည်။
လှပသော အဖြူရောင်တံခါးက ရွှေရောင်တံခါးလက်ကိုင်ဖြင့် တင့်တယ်နေသည်။ အခန်းရှေ့မှာ ပိုင်ရှင်နာမည်ရေးသည့် ရွှေရောင်ကတ်ပြားလည်းရှိကာ ထိုတံခါးကိုကြည့်နေသည်ကပင် သူ့အတွက် ရင်ခုန်ဖွယ်ကောင်းလှ၏။
"Forest... ကိုယ့်forest..."
ခပ်တိုးတိုး ဝေဝါးစွာ ရေရွတ်ရင်းမှ တံခါးကို တွန်းဖွင့်ကာ အခန်းထဲ ဝင်သွားလိုက်သည်။ အခန်းထဲမှာတော့ မီးအိမ်တချို့၏ အလင်းရောင်မှိန်မှိန်မှလွဲ၍ အရာအားလုံး ပိန်းပိတ်နေသည်။ ရွှေဝါရောင် အလင်းဖျော့ဖျော့သာ ခပ်မှိန်မှိန်လင်းလက်နေကာ ကုတင်ပေါ်က တစ်စုံတစ်ယောက်၏ အရိပ်ကလေးကို ထင်ဟပ်နေသည်။
ВЫ ЧИТАЕТЕ
သစ်တော (Completed)
Любовные романыUni မျက်လုံးချင်းဆုံတိုင်း ရလာတဲ့ ရင်းနှီးနေတဲ့ ခံစားချက်တွေ၊ ညသန်းခေါင်အိပ်မက်ထဲက ဝိုးတိုးဝါးတား အနမ်းတွေ၊ လရောင်အောက်က သင်မထားလည်း အလွတ်ရနေတဲ့ ကကွက်တွေ... ကြည့်ရတာ ဒီအချစ်က ဒီဘဝမှ စခဲ့တာ မဟုတ်ဘူးထင်ပါရဲ့။ ။ Cover By Pinterest Zawgyi မ်က္လံုးခ်င္း...