Episode 28

857 106 7
                                    

Uni

"ဒီနေ့လည်း ပြန်မလာသေးဘူးနော် သားရေ"

မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ဇွန်းကိုက်ရင်း ထိုင်မှိုင်နေစဉ် အန်တီချစ်က ရောက်လာကာ ပြောသည်။ အပြင်ဘက်မှာ နေဝင်ခါနီးကောင်းကင်က ကြည်စင်နေပြီး တိမ်တွေက တောက်ပလွန်းနေသည်။ မိုးရာသီဆိုပြီး ဒီနေ့ အတော်ကလေးပူသည်။ ညဘက်တော့ ကြယ်မိုးရွာမည်ဟု သတင်းရသည်ပဲ။ သစ်တော အတွေးတွေက ရောက်တတ်ရာရာ။

"ဟဲ့ ကလေး ကြားလား။ မင်းသူဌေး ဒီနေ့လည်း ပြန်မရောက်သေးဘူးနော်လို့"

သစ်တောက သက်ပြင်းချသည်။ စိတ်မရောက်အောင် အတင်းထိန်းချုပ်ထားရသည့် ကိစ္စတစ်ခုအား အန်တီချစ်က ထပ်ခါထပ်ခါကို ပြောနေတော့သည်။ သူ ဘယ်လိုလုပ်ရမှန်းမသိ။

"ဟုတ်ကဲ့ အန်တီချစ်။ ဖုန်းဆက်လို့လည်းမရသေးဘူးလားဟင်"

ဝတ်ကျေတန်းကျေမေးလိုက်တော့ အန်တီချစ်က သူ့ကို အဓိပ္ပာယ်ပါသည့် အကြည့်နှင့်ကြည့်သည်။

"မရလို့ပေါ့ ငါ့သားရယ်။ ရမှတော့ဖြင့် ဘယ်စိတ်ပူရပါ့မလဲ။ အခု မမသွေးတောင်မှ ဟိုကအလုပ်ကိုခဏရပ်ပြီး ပြန်လာခဲ့မယ်တဲ့။ အေးလေ သူဌေးက အရွယ်ရောက်ပြီးသားမို့ စိတ်မပူရဘူးဆိုပေမဲ့လို့ သုံးရက်တောင်ပျောက်နေတာ ဘာသတင်းမှလည်း မကြားရဘူးဆိုတော့ မမသွေးက စိတ်ပူပြီပေါ့ သားရယ်။ သားလည်း အဆက်အသွယ်လေးဘာလေးလုပ်ကြည့်ပါလားဟင် မင်းသူဌေးကို"

"အန်တီချစ်တို့ဖုန်းဆက်တာတောင်မကိုင်တာ။ သားက ဘယ်လိုလုပ် ဆက်လို့ရမှာလဲ"

သစ်တောက မျက်နှာခပ်လွှဲလွှဲနှင့်ပြောသည်။ အန်တီချစ်ကတော့ အကုန်သိပြီးသားဆိုသည့်ဟန်မျိုးဖြင့် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ပေမဲ့ ဘာမှတော့မပြော။ ခုခေတ်ကလေးတွေ သွက်သွက်လက်လက်ရှိကြသည်မဟုတ်လား။ ဘယ့်နှယ် ဒီသစ်တောလေးကျမှ အရှက်အကြောက်ကိုကြီးလွန်းသည်။

"သူဌေးက လူကြီးဖြစ်ပြီပဲဟာ ဘာမှတော့မဖြစ်ပါဘူး။ စိတ်ဆိုးလို့ ခဏထွက်သွားတာပဲကို"

သစ်တောက ရသေ့စိတ်ဖြေစကားပြောလာသည်။ ရှေ့က ရေခဲမုန့်ကို ခပ်ပြီး စားလည်းမစားနိုင်ဘဲ ဇွန်းကိုင်ထားတာတင် အကြာကြီး။

သစ်တော (Completed)Where stories live. Discover now