Episode 6

1.1K 140 16
                                    

Uni

"ဂရုစိုက်သွားနော် ဟေ့ကောင်"

ကားထဲဝင်ထိုင်ရုံရှိသေး ဘယ်ရီက အပူရုပ်နှင့် နှုတ်ဆက်လာသည်။ မျက်နှာသိပ်မကောင်းသော ဘယ်ရီ့ကိုကြည့်ရင်း သစ်တောလည်း မျက်နှာမကောင်းနိုင်တော့ပါ။

"အေးပါ မင်းလည်း ဂရုစိုက်ဦး ငါ ညကျရင် မင်းကို တစ်ခေါက် ဖုန်းဆက်ဦးမယ်"

"အင်း ပိတ်ရက်ကျရင် အပြင်ထွက်လည်မယ်လေ"

"အေးအေး အပြင်ထွက်လည်တာပေါ့"

ကားမှန်ကိုချပြီး အထဲနဲ့အပြင် စကားပြောလို့ မပြတ်နိုင်သေး။ ကြာတော့ ကားဆရာက ကွက်ကြည့်ကြည့်လုပ်လာသည်။ သစ်တော အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြုံးကာ ဘယ်ရီ့ကို လက်ပြလိုက်သည်။

"တာ့တာ"

"အေး တာ့တာ"

အလုပ်လုပ်ဖို့ သူများအိမ်သွားနေရမယ်ဆိုတော့ အရင်လို စိတ်ရှိတိုင်း တွေ့လို့မရတော့ဘူးဆိုတာ ဘယ်ရီရော သစ်တောပါ နားလည်ကြသည်။ ဘာပဲလုပ်လုပ် အတူတူ ရှိနေခဲ့သည့် သူငယ်ချင်းတွေပီပီ ခုလိုကြီးကျတော့လည်း စိတ်ထဲမကောင်း။ မမျှော်လင့်ထားတာတွေသာ မဖြစ်ခဲ့ရင် သူတို့နှစ်ယောက် အခုအချိန်မှာ အခုလိုမျိုး ခွဲရမည်မဟုတ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကိုပဲ အပူတပြင်းလိုက်ရှာရမည့်အစား အေးအေးဆေးဆေး တက္ကသိုလ်တက်ရမည့် ကိစ္စသည်...

ကားက ဖြည်းဖြည်းချင်းလှိမ့်သွားသည်။ ဘယ်ရီက သူ့တိုက်ခန်းရှေ့မှာပင် ရပ်ကျန်ခဲ့ကာ ကားဆီကို လှမ်းကြည့်နေရင်း ကျန်ရစ်ခဲ့၏။ နောက်ကြည့်မှန်မှ ဘယ်ရီ့ပုံရိပ်နဲ့အတူ သူနှစ်ပေါင်းမနည်း နေထိုင်ခဲ့သည့် သူ့အိမ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

သစ်တော အထီးကျန်မှုနဲ့ ဝမ်းနည်းမှုကို ပထမဆုံး ခံစားဖူးခြင်းပင်။ မမျှော်လင့်ထားသော အရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သူ လက်ခံယုံကြည်ထားသည်။ ဒီနေ့ဒီအချိန်အထိ အခက်အခဲတွေရှိခဲ့ဖူးပေမဲ့ အထီးကျန်တာတော့ ဘယ်တုန်းကမှ မဖြစ်ဖူးပါ။

သူ့မှာ ဘယ်ရီရှိသည်။ အန်တီတို့လည်း ရှိသလို သူ့ရဲ့စိတ်ဝိဥာဉ်နဲ့ သူ့ကိုယ်သူ စကားပြောလို့လည်း ရခဲ့တာပဲမလား။ အိမ်ကို ခွဲရလို့ ဒီလို ခံစားရတာများလား။

သစ်တော (Completed)Tempat cerita menjadi hidup. Temukan sekarang