Episode 30

930 110 4
                                    

Uni

ဝိုင်နံ့သင်းသင်းက လေထုထဲ၌ ဝေ့ဝဲနေသည်။ သစ်တော ခွက်ရေတော်တော်များများသောက်ထား၍ အနည်းငယ် ရီဝေဝေဖြစ်နေ၏။ အစကတော့ သာမန်လေးပဲသောက်မလို့တွေးခဲ့ပေမဲ့ ဝိုင်အရသာက သူ့အကြိုက်ဖြစ်နေသည်။ ချိုပြီး ပြင်းလည်းမပြင်းတာမို့ စွတ်ရွတ်ပြီး သောက်ခဲ့မိခြင်းသာ။

နောက်ပြီး ရှက်တာလည်းပါသည်။ ထိုလူက သူ့ဘေးနားမှာထိုင်နေပြီး ဝိုင်တစ်ခွက်နှင့် သူ့ကိုစူးစိုက်ကြည့်ရှုနေသည်လေ။ အပြင်မှလေအေးတွေဝင်လာတိုင်း ထိုသူ့အင်္ကျီဖျားက တလွင့်လွင့်ဖြစ်သွားသည်။ အမှောင်ချထားပြီး လရောင်ပဲရှိသည့် အခန်းလေးထဲမှာတောင် ထိုလူ့ ရင်ဘတ်ကြွက်သားတွေကို ထင်ထင်ရှားရှားမြင်နေရသည်။ သစ်တောတော့ စိတ်ညစ်ပါ၏။ ဘာဖြစ်လို့များ မျက်လုံးက အဲ့လူ ခန္ဓာကိုယ်ကိုပဲ သွားသွားကပ်နေသလဲမသိ။

"ကိုယ့်မှာမင်း သဘောကျစေမဲ့ နေရာလေးတစ်ခုရှိတယ်။ ကြည့်ချင်လား"

ညီလာက သစ်တောကို ပြုံးကြည့်နေရာမှ မေးလာသည်။ ထို့နောက် မတ်တပ်ထရပ်ရင်း လိုက်မလားဟူသည့် သဘောဖြင့် လက်ကမ်းပေးသည်။ သစ်တော ထိုလက်ကို ဖမ်းဆွဲထားလိုက်ပေမဲ့ သတိုးညီလာက ပိုအားကြီးနေသည်မို့ သူ့ခန္ဓာကိုယ်ကိုပဲ ဆွဲထူလိုက်သလိုဖြစ်သွားသည်။

ရီဝေဝေဖြစ်နေသည်မို့ ထလိုက်သည့်တစ်ခဏ သတိုးညီလာရင်ခွင်ကို ဘတ်ခနဲ ပြေးအပ်သွားမိသည်။ သစ်တော ပြန်ထွက်မလို့ပြင်ပေမဲ့ သတိုးညီလာက လွှတ်မပေး။

"ဒီညက လသာတယ်လေ။ မင်းက ကောင်းကင်ကိုကြည့်ရတာ ကြိုက်တယ်"

သတိုးညီလာက သစ်တောအားပွေ့ဖက်ကာ ကလေးတစ်ယောက်လို မချီလိုက်ပြီး အခန်းအပြင်ဘက်ဆီ ထွက်လာခဲ့သည်။ လှေကားတစ်ထစ်လောက်တက်ပြီးသည့်နောက် လှပစွာပြင်ဆင်ထားသော အခန်းတစ်ခုက တံခါးပွင့်လျက်သား တည်ရှိနေသည်။

အဖြူရောင်လက်လက်တွေပါသော ဇာခန်းဆီးက လေအလွင့်မှာ လူးလွင့်ကခုန်နေကာ လှပစွာကြိုဆို၏။ ရဲတိုက်၏အဆောင်အယောင်နှင့်ကိုက်ညီစွာ ခမ်းနားစွာပြင်ဆင်ထားသော အိပ်ခန်းတစ်ခု ဖြစ်ပါသော်ငြား ဒီနေရာက ပို၍ တောက်ပသည်ဟု သစ်တောထင်သည်။ နောက်ပြီး အရေးကြီးဆုံးက ဒီမှာ လသာဆောင်အကျယ်ကြီးရှိနေသည်။

သစ်တော (Completed)Où les histoires vivent. Découvrez maintenant