Episode 20

1.2K 128 16
                                    

Uni

ဒေါက်ဒေါက်ဒေါက်”

တံခါးခေါက်သံတွေ ကြားရသည့်အချိန်၌ သစ်တောက ပန်းချီကားချပ်ဘေးတွင် ထိုင်ကာ ငေးငိုင်နေတာ ဖြစ်သည်။ ငိုထားသောကြောင့် သူ၏ မျက်ဝန်းထောင့်များမှာ စိုစွတ်နီရဲနေကာ နှာခေါင်းထိပ်လည်း ရဲရဲကလေးဖြစ်နေသည်။ တချို့သော ဆံပင်နက်ကွေးကွေးကလေးများသည် မျက်ရည်နှင့်ကပ်နေကာ မျက်နှာနား၌ စိုစွတ်လျက်ရှိသည်။

သူ့ပုံစံက ညအိပ်ဝတ်စုံလေးနှင့်ဆိုတော့ အမေ့ကို ရှာမတွေ့လို့ ငိုနေသည့် ကလေးတစ်ယောက်လိုပင်။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံက ထပ်ထွက်လာပြန်သည်။ ဒီတော့မှသာ သစ်တော အာရုံတွေက လက်ရှိကို ရောက်လာတော့သည်။ သူသည် ဒီပန်းချီကားချပ်နှင့် ဘာမှ မဆိုင်ကြောင်း၊ သူ ဒီအခန်းထဲကနေသာ ထွက်သွားချင်ကြောင်း စသဖြင့် လက်ရှိနှင့်သက်ဆိုင်သော အတွေးများက သူ့စိတ်ထဲ တဖြည်းဖြည်းချင်း ဝင်လာသည်။ သူ ချက်ချင်းပင် ထရပ်ကာ မျက်နှာအား အကြမ်းပတမ်း ပွတ်သပ်မိသည်။

သူ ဘာလို့ ဒီလောက်ထိ စိတ်လွတ်လက်လွတ်ငိုလိုက်မိမှန်း မသိတော့။ တံခါးကို သွားဖွင့်လိုက်သည်။ နဂိုကတော့ သူဌေးလို့ ထင်လိုက်ပေမဲ့ မြင်လိုက်ရတာက ဟိုတယ်ယူနီဖောင်း အပြာရောင်ဝတ်ထားသော အစ်မတစ်ယောက်ဖြစ်သည်။

သပ်ရပ်သော ဝတ်စုံကိုဝတ်ထားသည့်အပြင် ငွေရောင်နာမည်ကဒ်ပြားကို ရင်မှာထိုးထားသော ထိုအစ်မက သူ့အား နူးညံ့စွာ ပြုံးပြလာသည်။

“သူဌေး လာခေါ်ခိုင်းလိုက်လို့ပါရှင်”

သစ်တော တံခါးကိုကိုင်ရင်း တွေဝေနေတာကိုတွေ့တော့ သူမ ထပ်ဖြည့်ပြောသည်။

“သူဌေး ဦးသတိုးညီလာက လာခေါ်ခိုင်းလိုက်လို့ပါ”

“ဪ အင်း ဟုတ်ကဲ့”

ထိုနာမည်ကို ကြားတော့မှ သစ်တောက ကပျာကယာအပြင်ထွက်ကာ တံခါးကို ပိတ်လိုက်သည်။ အခန်းတွင်းနှင့် အခန်းပြင်သည် လုံးလုံးကွာခြားကာ ကမ္ဘာနောက်တစ်ခုထဲ ရောက်သွားသလိုပင်။

သစ်တော (Completed)Where stories live. Discover now