Episode 7

1.1K 142 16
                                    

Uni

အိမ်ကြီးသည် ပြောင်လက်ကာ တိတ်ဆိတ်နေလေသည်။ ဖုန်ကင်းစင်သော ကြမ်းခင်းများ၊ ကောင်းမွန်စွာ ထိန်းသိမ်းထားဟန်တူသော ပရိဘောဂများ၊ အလှဆင် ပန်းချီကားချပ်များဖြင့် မဟာဆန်ဆန် လှပလျက်ရှိသည်။

နံရံကပ်စက္ကူများမှ ကနုတ်ပန်းပွင့်များသည် နံရံပေါ်၌ နေရာမလပ်ရှိနေလေသည်။ အသားရောင်စက္ကူပေါ်မှ ရွှေရောင် ကနုတ်များက အိမ်ကြီးအား ပို၍ ထည်ဝါသွားစေဟန်ထင်ရသည်။ အိမ်သည် ခေတ်အမီကြီးတော့ မဟုတ်။ ၂၀ရာစုလောက်က အင်္ဂလိပ်အိမ်ကြီးလို အငွေ့အသက်မျိုးဖြင့် ပြင်ဆင်ထားခြင်းသာ။

သစ်တော အန်တီချစ်နောက်မှ တိတ်တိတ်လေးလိုက်လာရင်း စင်္ကြံလမ်းကိုကြည့်ကာ စိတ်ထဲက အကဲဖြတ်နေခြင်းပင်ဖြစ်သည်။ နေရာတိုင်းမှ အငွေ့အသက်များသည် သူ့အား တည်ငြိမ်စေသည်ထက် ဖိအားများနှင့် တစ်ဆုပ်ချင်း ကိုင်ပေါက်နေသည့်နှယ်။

"သား လာလေ"

တိတ်ဆိတ်နေသော အိမ်ကြီးထဲ အန်တီချစ်အသံက ဟိန်းထွက်လာသလိုပင်။ အန်တီချစ်က အဖြူရောင်သုတ်ထားသော သစ်သားတံခါးချပ်ကိုဖွင့်ကာ ပြုံးပြ၏။

သူ အန်တီချစ်နောက် လိုက်သွားလိုက်သည်။ ဦးစွာ ဓာတ်ပုံတွေပြည့်နေသော နံရံများကို အရင်မြင်ရသည်။ အခန်းထဲရှိနံရံများ၌ အဝိုင်း လေးထောင့် ပုံသဏ္ဉာန်မျိုးစုံရှိသော ဓာတ်ပုံများက နေရာယူနေသည်။ ပြတင်းပေါက်ကို မှန်ဖြင့်ကာရံထားပြီး အစိမ်းရောင်ကန့်လန့်ကာတို့ဖြင့် ဖုံးကာထားသည်။

အိမ်ယာသို့မရောက်မီ စားပွဲအသေးလေးနှင့် ထိုင်ခုံတချို့ကို လှမ်းမြင်ရသည်။ သစ်သားကနုတ်များဖြင့် ကွပ်ထားပြီး ဆိုဖာခင်းထားသည့် တစ်ယောက်ထိုင် ထိုင်ခုံများက မင်းသမီးလေးများ ထိုင်နေကျဖြစ်သည့်ထိုင်ခုံများလို။

အဝါရောင်နှင်းဆီပွင့်တွေကို မဟော်ဂနီရောင်တောက်နေသည့် စားပွဲအသေးလေးပေါ်၌ မြင်လိုက်ရသည်။ ရွှေနားကွပ်ထားသော ဈေးကြီးပုံပေါ်သည့် လက်ဖက်ရည်ခွက်သည် စားပွဲပေါ်၌ ဣန္ဒြေရှိရှိနေရာယူနေကာ သင်းပျံ့သော လက်ဖက်ရည်နံ့ကို လေထုထဲ၌ ဖြန့်ကျက်ပေးထားသည်။

သစ်တော (Completed)حيث تعيش القصص. اكتشف الآن