Episode 22

928 114 12
                                    

Uni

Cork ရဲတိုက်အဝကို ရောက်သည့်တခဏ မိုးရွာထဲက မြင်ကွင်းကို အနည်းငယ် ထင်ရှားစွာ မြင်လိုက်ရသည်။ သခင်က အရှေ့မှာ ရပ်နေပြီး သူ၏ပုံစံက စိုရွှဲကာ ငြိမ်သက်နေသည်။ ဘာတွေတွေးနေသလဲမသိပေမဲ့ စူးရှရှမျက်ဝန်းတစ်စုံက သူ့ကို စိုက်ကြည့်လာတာကို Cork ခံစားမိလိုက်သည်။

မိုးရွာနေတာမို့ မျက်ဝန်းတွေထိ သဲသဲကွဲကွဲမမြင်ရပေမဲ့ သခင်စိုက်ကြည့်တာကို ခံရသည့်အခါ ခံစားရသည့် ခံစားချက်ကို သူ ကောင်းကောင်းသိသည်။ သူ မနက်စာစားတဲ့အခါ တယောတီးတဲ့အခါ သူတစ်ယောက်တည်း ကနေတဲ့အခါတောင်မှ အဲ့ဒီအကြည့်စူးစူးက သူ့ကိုယ်ရဲ့ နေရာမလပ်ကို စူးစိုက်ကျရောက်နေခဲ့ဖူးသည်။ သူ ကြောက်တဲ့ ခံစားချက်ကို အကြိမ်တိုင်းမှာ ခံစားရပြီး အခုထက်ထိကို သူ ကြောက်နေဆဲ။

အမှန်အတိုင်းပြောရရင် သူနဲ့ သခင့်ကြားက ဆက်ဆံရေးက အတင်းဖမ်းချုပ်ပြီး အလိုမတူဘဲ ရယူထားတဲ့ အိပ်ရာထက်က ဆက်ဆံရေးသက်သက်သာဖြစ်သည်။ သူက ဘာအပြစ်မှ မလုပ်ခဲ့ဘဲ ဖမ်းဆီးခံရသည်။ မိန်းကလေးလို ပြုပြင်ခံရသည်။ ဖမ်းချုပ်ခံရသည်။ နောက်ဆုံး သိမ်းပိုက်ခံရသည်အထိ...

သူ သခင့်ကို မမုန်းဘူးဆိုလျှင် လိမ်တာပဲဖြစ်မည်။ Cork ကမ္ဘာမှာ အမုန်းဆုံးက သခင့်ကိုပင်။ ထိုလူ့ကို သူမုန်းသည်။ သူ့လွတ်လပ်မှုတွေ သူ့အိပ်မက်တွေကို တစ်စစီချိုးယူသွားပြီး သူ့ဇနီးအဖြစ် လူကို ပုံသွင်းခဲ့တာတွေ...

ဒါပေမဲ့ ထွက်ပြေးလို့လည်း မရတော့ဘူးမလား။ ဘယ်လောက်ပဲ ထွက်ပြေးပြေး ဒီနေရာမှာပဲ ပိတ်မိနေဦးမှာပဲဆိုတာကို သူ နောက်ဆုံး လက်ခံခဲ့ရသည်။ ထွက်ပြေးဖို့ ကြိုးပမ်းချက်ပေါင်းများစွာ လုပ်ခဲ့ပေမဲ့ သူ့ကို အထိန်းတော်ကြီးက မေးခွန်းတစ်ခု မေးလာခဲ့ဖူးသည်။

"ကလေးက ဒီကထွက်ပြေးပြီး ဘယ်သွားနေမလို့လဲ။ မင်းမှာ အိမ်မရှိတော့ဘူး။ သခင်က မင်းရဲ့အိမ်ပဲ"

ဟုတ်တယ်...

သူ့မှာ အိမ်မရှိတော့ချေ။ သူ့အဖေနဲ့ သူ့အစ်ကိုတွေကလည်း ပြန်ရောက်လာတဲ့သူ့ကို လက်ခံကြမလား မသေချာတော့သလို ဒီကမ္ဘာပေါ်မှာ သူ့ကို လက်ခံထားပေးမဲ့ အိမ်ဆိုတာ ဒီနေရာကလွဲရင် အခြားမရှိတော့။

သစ်တော (Completed)Where stories live. Discover now