Final

1.9K 138 38
                                    

Uni

"ဒီကို လာထိုင်ပါဦး"

ထိုလူက အမိန့်ပေးလာသည်။ Cork တစ်ကိုယ်လုံးမှာ ချွေးနည်းနည်းထွက်နေပြီဖြစ်သည်။ ယမ်းမှုန့်နံ့တွေက အဝေးမှပင် ခံစားကြည့်လို့ရသလို မြို့အဝင်က ပေါက်ကွဲသံကြီးတွေကြောင့်လည်း သူ့ ခန္ဓာကိုယ် သေးသေးလေး တုန်ယင်သွားတတ်သည်။

ရဲတိုက်ကြီး တစ်ခုလုံး ပြိုလဲလုမတတ်ဖြစ်နေချေပြီ။ ရန်သူသည် ဒီထဲသို့ ရောက်မလာသေးသော်ငြား မြို့တံတိုင်း ပြိုကျသွားပြီးသည့်နောက် ရဲတိုက်သည် သူ၏ သေခြင်းတရားဖြစ်လာတော့မည်မှန်း Cork သေချာသိသည်။

အစေခံတွေ ဟိုမှဒီမှ ပြေးလွှားနေကြသံကို ကြားရသည်။ စစ်သည်တချို့ စောင့်ကြပ်နေတုန်းရှိသည်။ Floyd က မသေချင်သူများကို ထွက်ပြေးခွင့်ပေးထားသည်။ ဒီမှာ ရှိနေကြသူတွေဟာ သေဖို့ ရွေးချယ်ထားသူတွေချည်း။ Cork အပါအဝင်ပေါ့။

သေခြင်းတရားကို မကြောက်အောင် ဘာလုပ်သင့်သလဲဆိုတာတွေးရင်း Cork က Floyd ဆီ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ရွှေရောင်ဆံနွယ်ရှည်ကြီးတွေက လမ်းလျှောက်လိုက်တိုင်း ယိမ်းနွဲ့နေကာ ဘာစည်းနှောင်ထားခြင်းမှ မရှိ။

ညအိပ်ဝတ်စုံဖြစ်သည့် ဇာဖြူရောင်ဂါဝန်ရှည်သည်သူ့အား ရိုးရှင်းစွာ လှပစေသည်။ ချွေးပါးပါးထွက်နေသည်မို့ သူ့အသားအရောင်က ပုလဲရောင်ဖြစ်နေကာ သောကရောက်နေသည့် အလှကလေးတစ်ယောက်လိုပင်။ မြို့စားအတွက် လက်လွှတ်လိုက်ဖို့ ခက်ခဲလှပေမည်။

"တကယ် ထွက်မပြေးဘူးလား။ မင်း အသက်ရှင်ချင်ရင် မာရီယာနဲ့ ထွက်ပြေးတော့လေ။ ကိုယ် လွှတ်ပေးမှာပါ"

မြို့စား၏ မျက်ဝန်းတွေက သူ့ပေါင်ပေါ်တွင် သူကိုယ်တိုင် ပွေ့ဖက်သိမ်းပိုက်ထားသော ကောင်လေးဆီသို့ စူးစူးစိုက်စိုက်ကြည့်ရှုနေသည်။ လက်လွှတ်ပေးပါ့မည်ဟု ပြောကာ လိုလားသလို ဟန်ဆောင်နေသော်ငြား Floyd ၏ ရင်ထဲမှာ စကားတစ်ခွန်းကသာ ထပ်တလဲလဲမြည်ဟီးနေသည်။

တိတ်ဆိတ်မှုက အချိန်သိပ်မကြာလိုက်ဘဲ Cork ၏ ခပ်တိုးတိုးဖြေသံကို သူ ပြန်ကြားလိုက်ရသည်။

သစ်တော (Completed)Onde histórias criam vida. Descubra agora