ငါနားကြားများမှားတာလား သည်းငယ်ကအခု ငါ့ကို မောင် လို့ခေါ်လိုက်တာမလား...'သည်းငယ် ဘယ်လိုခေါ်လိုက်တာလဲ ခုနကလိုပြန်ခေါ်ကြည့်'
'ဟို အဲ့အမကိုတကယ်အလုပ်ထုတ်မှာလား မောင်'
'အား...အသဲယားစရာလေးကွာ မောင့်ကိုအမြဲတမ်း မောင် လို့ပဲခေါ်ကွာ နော်..'
'မိုက် သူ့ကိုခေါ်သွားတော့ သုံးလစာပေးပြီးထုတ်လိုက်'
'ဟုတ်ကဲ့ ဘော့စ်'
'သည်းငယ်လေး မောင့်ကိုလည်း ထမင်းခွံ့ကွာ မောင်လည်းစားမယ်'
'ကိုယ့်ဘာသာစားပါ့လား ခင်များလက်ပါတာပဲ'
'ဟာ ခုနကကျ မောင်ဆို'
'အဲ့တာ ဟိုအမကို အလုပ်ထုတ်မှာစိုးလို့လေ'
'သည်းငယ် မောင့်ကိုကြည့် ခုနေသူ့ကိုမထုတ်ရင် နောက်လူတွေလည်း သူ့လမ်းအတိုင်းလိုက်ပြီး အဆင့်အတန်းခွဲခြားတာတွေ မရှိနိုင်ဘူးလို့ မပြောနိုင်ဘူးလေ..ခုကတည်းကရှင်းသင့်တာကိုရှင်း ထုတ်သင့်တာကိုထုတ်ရမယ်လေ မဟုတ်ဘူးလား'
အင်း ဒီလိုဆိုတော့လည်း ဟုတ်တာပဲ..သူ့ကိုမထုတ်ရင် နောက်လူတေသူ့လိုလုပ်လာနိုင်တာပဲ..
ခေါင်းသေးသေးလေးကို ညိမ့်ကာညိမ့်ကာနဲ့ သူပြောတာကိုထောက်ခံနေသော အသေးလေးရယ်ပါ...တကယ်ကွာ လွန်းလွန်းငယ်က ချစ်စရာလေး..
'မောင်ပြောတာကို လက်ခံလား'
'အင်း လက်ခံတယ် ဒါပေမယ့် မောင် လို့တော့မခေါ်နိုင်ပါဘူးနော် ကျွန်တော့်နှလုံးသားကခင်များကို ချစ်လာပြီဆိုမှ ခေါ်မှာ'
'ဟုတ်ပါပြီဗျာ သည်းငယ်သဘော ခုတော့ထမင်းစား မောင့်ကိုလည်းခွံ့ မောင်ဗိုက်ဆာနေပြီ'
'ဟာ ကိုယ့်ဘာသာစားပါဆို'
'သည်းငယ် မကျွေးရင် မောင်မစားတော့ဘူး '
'တကယ်ပဲ ကလေးလည်းမဟုတ်ပဲနဲ့ ဟ..ဟ ပါးစပ်ကို ဟ'
တကယ်ပါ ဒီချိန်ဘော့စ်ရုံးခန်းထဲကို ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ ဆူပုတ်ပုတ်နဲ့ ထမင်းခွံ့ကျွေးနေတဲ့ကောင်လေးရယ် ပြုံးပြုံးကြီးထမင်းစားနဲတဲ့ ယူတို့ရဲ့ ဘော့စ်ကိုတွေ့ရမှာပဲဖြစ်ပါတယ်.....
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...