"သည်းငယ် မောင်ဒီနေ့အလုပ်ကိစ္စအရေးကြီးလို့ အပြင်သွားရမယ်..သည်းငယ် တစ်ယောက်တည်းအဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ် မောင်ရဲ့"
"ဒါမှမဟုတ် မောင်နဲ့အတူလိုက်ချင်လား"
"မလိုက်တော့ဘူး...မောင်..သည်းငယ် ဒီနေ့ကုန်တိုက်သွားပြီးလိုအပ်တာ ၀ယ်ချင်တယ်"
"မောင်နဲ့မှအတူသွားမယ်လေ"
"ရပါတယ် သည်းငယ်ဘာသာသွားမယ် မောင်လည်းအလုပ်ကိစ္စရှိသေးတာကို"
"အင်း အဲ့တာဆို ကားမောင်းပို့ပေးဖို့ ဇေယျကိုထားခဲ့မယ်...ဇေယျ မင်း တခုခုဖြစ်တာကဖြစ်လို့ရတယ် သည်းငယ်ကိုတော့ ခြစ်ရာလေးတစ်ခုတောင်မထင်စေချင်ဘူး"
"ဟုတ်ကဲ့ဘော့စ်"
"စောစောပြန်ခဲ့နော် မောင်"
"ဟုတ်ပါပီဗျာ...လာပါအုံး နမ်းချင်လို့"
လုံးလုံးနဲ့ပြေးလားတာများ ၀က်ပေါက်ကျနေရော ဒီကောင်လေးခုနောက်ပိုင်း ဗိုက်ကလေးပူလာတယ်ရော
"ပြွတ်...ချစ်လိုက်တာ ဒီဗိုက်ပူလေးကို"
"ဟီးး သည်းငယ်ကလည်းမောင့်ကို အများကြီးချစ်တယ်"
"ဟုတ်ပါပြီဗျာ..အဲ့တာဆိုမောင်သွားပြီနော်"
"ဟုတ်"
ဒီနေ့ကရှင်းစရာကိစ္စတွေများနေတော့ သည်းငယ်ကိုအပြင်ခေါ်သွားလို့မဖြစ်ဘူး..ကိုယ့်ရဲ့ကြမ်းတမ်းတဲ့ပုံစံကို မင်းကိုဘယ်တော့မှပေးမသိဘူး သည်းငယ်..
:
:
ဂိုထောင်တစ်ခုရှေ့သို့ ကားသုံးစီး ရှေ့ဆင့်နောက်ဆင့်ရပ်လိုက်ကြသည်.."ကဲ ငါတို့ရဲ့၀ယ်လက်လေး ဘယ်မှာလဲ ပြပါအုံး"
မျက်နှာမှာ ဒဏ်ရာဘလပွနဲ့လူကို မိုက်ကဆွဲခေါ်လာသည်..
"အိုးး ဖြေးဖြေး ဖြေးဖြေး..မိုက်..မင်းအရမ်းကြမ်းတာပဲ ကိုယ့်၀ယ်လက်ကို နူးနူးညံ့ညံ့ဆက်ဆံမှပေါ့ ခုတော့မျက်နှာမှာ ဒဏ်ရာတွေကြည့်ပဲ"
"ထွဋ်မင်းနောင် မင်းငါ့ကိုဘာလို့ဖမ်းတာလဲ"
"ဘာလို့ဖမ်းတယ်ထင်လဲ"
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...