"ဆိုတော့ကာ မင်းမှာအသက်အပိုပါတယ်ပေါ့"အေးစက်မှောင်မိုက်နေတဲ့အခန်းထဲမှ ဩရှရှအသံကဟိန်းထွက်လာသည်။သူကတော့ ထွဋ်ကုမ္ပဏီ၏တစ်ဦးတည်းသော အမွေဆက်ခံသူ ထွဋ်မင်းနောင် တစ်နည်းအားဖြင့် အမှောင်လောက၏နတ်ဘုရား Z။ Zဆိုရင် အမှောင်လောကမှာမသိသူမရှိသလို မော်ကြည့်ဖို့တောင် စိတ်မကူးရဲကြ၊ သူ့ကိုသစ္စာဖောက်ရင်လည်း ရေဆုံးမြေဆုံးလိုက်သတ်ဖို့ ဝန်မလေးတဲ့သူ။ သူ့ရဲ့မျက်နှာကို တစ်ယောက်မှမမြင်ဖူးကြသလို မြင်ဖူးတဲ့သူတိုင်းကလည်း မရဏလမ်းကိုကြွမြန်းရသူတွေချည်းပဲ။
"ပြောပါအုံး ဘာလည်း အ သွားတာလား ငါ့ကိုသစ္စာဖောက်ရလောက်တဲ့အထိ သတ္တိတွေသိပ်ကောင်းနေတယ်ပေါ့"
"မ..မဟုတ်ပါဘူး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ"
"ခွင့်လွှတ်ရမယ် အင်း...ပြောပါအုံး ခွင့်လွှတ်ဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်လေး"
"ဟို ဘော့စ်ဆီကို ပစ္စည်းဝင်တဲ့လမ်းကြောင်းလေး ပြောပြရင် ဘော့စ်ပေးတဲ့ပိုက်ဆံထက် ၂ဆပိုပေးမယ်ပြောလို့ပါ...ကျွန်တော်နောက်မလုပ်တော့ပါဘူး တောင်းပန်ပါတယ် ဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ"
"ဟား...အဲ့တော့ မဖြစ်စလောက်ငွေလေးနဲ့ ငါ့ကိုသစ္စာဖောက်တယ်ပေါ့...မင်းသိပါတယ် Zကိုသစ္စာဖောက်ရင် အကျိုးဆက်ကဘာလဲဆိုတာကို"
"မလုပ်ပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုမသတ်ပါနဲ့"
"မိုက်....သူ့ကိုရှင်းလိုက်တော့"
"ဟုတ်ကဲ့ ဘော့စ်"
ကျစ်...ကပ်ပါးလိုကောင်တွေ သူသာရင်သူ့နောက်လိုက်မယ် ငါသာရင်ငါ့နောက်လိုက်မယ် ပိုပေးရင်ပေးတဲ့ဆီလုပ်မယ် အဲ့လိုလူတွေကြောင့် လူတွေကိုအယုံအကြည်မရှိတာ။ အလကား အမှိုက်လိုဟာတွေ။
"ဘော့စ် ရှင်းပြီးပါပြီ"
"အင်း စံအိမ်ကိုပြန်မယ်"
ထို့နောက်တွင်တော့ ၁၀စီးထက်မနည်းသော ကားတွေကထိုနေရာမှထွက်ခွာသွားတော့သည်။
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...