Part-21

1K 26 0
                                    


သည်းငယ်ကို ဆေးရုံကနေ အိမ်ပြန်ခေါ်လာတာ ဒီနေ့နဲ့ဆို ငါးရက်ပြည့်ပြီ...ကြားထဲမှာ ဒယ်ဒီတို့ရောက်လာပြီး...သည်းငယ်လေးနဲ့စကားပြောပေး အတူနေပေးလို့ ဒယ်ဒီတို့ကိုတော့ သိပ်မစိမ်းတော့ဘူး....စိမ်းနေတာက ကျွန်တော်နဲ့ စဉ်းစားကြည့်ကြပါအုံး တစ်ကုတင်တည်း အတူအိပ်ပြီး သူအလိုရှိမှ ကျွန်တော့်ကိုစကားပြောတယ်..မေးထူးခေါ်ပြောအဆင့်လောက်ပဲ..တကယ်မခံစားနိုင်တော့ဘူး...

'ဟို...အဟမ်း...ကျွန်တော်ဗိုက်ဆာလို့..အဲ့တာ..'

တွေ့လား သူလိုတာရှိရင်တော့ လာပါပြီ..

'သည်းငယ်က ဘာစားချင်လို့လဲ'

'စပိုင်စီ ခေါက်ဆွဲပြုတ်..'

'အစပ်တွေမစားရပါဘူး စပိုင်စီကစပ်တယ်..တစ်ခြားဟာ ပြုတ်ကျွေးမယ်'

'အနက်ရောင်ကမစပ်ပါဘူး..အနက်ရောင်စားမယ်လေ'

'တကယ်စားချင်တာလား..အဲ့တာဆိုမောင့်ကိုတစ်ခုလုပ်ပေး'

'ဘာ...ဘာလုပ်ပေးရမှာလဲ'

'မောင်..သည်းငယ်ကို စပိုင်စီအနက်ရောင်ထုပ်လေး လုပ်ကျွေး..အဲ့လိုပြော'

ရှက်သွားတယ်ထင် မျက်နှာတစ်ခုလုံး စတော်ဘယ်ရီရောင်သန်းနေပြီ

'ဟမ်...မပြောချင်ပါဘူး..ရှက်..ရှက်စရာကြီး'

'မပြောရင် တစ်ခြားခေါက်ဆွဲစား'

ဒါ လူကိုသပ်သပ်ညစ်တာ ခေါက်ဆွဲလေးပြုတ်ကျွေးခိုင်းတာကို ဈေးကိုင်နေတယ်...ကိုယ့်ဘာသာပြုတ်မယ်ဆိုရင်လည်း သည်းငယ်လက်အပူလောင်မှာပေါ့..မောင်ရှိနေတာပဲ..မောင့်ကိုခိုင်းပေါ့ မောင့်ကိုဘာလုပ်ဖို့ ထားထားတာလဲက လာအုံးမှာ..လွန်ခဲ့တဲ့တစ်ပတ်လုံး အဲ့စကားပဲပြောနေတာ..လူကဘာမှမလုပ်တတ်ပဲနေတော့မယ်...

'ကဲ သည်းငယ်..မောင်တခြားဟာပြုတ်တော့မှာနော်..မြန်မြန်ပြောကွာ'

မတတ်နိုင်တော့ဘူး ငါမှဒီခေါက်ဆွဲစားချင်နေမှာတော့ လွန်းလွန်းငယ်ရေ ပြောပေတော့

'အဟမ်း..မောင် သည်းငယ်ကို စပိုင်စီအနက်ရောင်ထုပ်လေး လုပ်ကျွေးပါလားဟင်'

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ချွဲပြီးပြောနေပုံက...ရွဲ့နေမှန်း သိသော်လည်း သည်းငယ်ကတအားချစ်ဖို့ကောင်းတာပဲဗျာ...

'ချစ်စရာလေးကွာ..သည်းငယ်က စပိုင်စီစားချင်တာလား..မောင်လုပ်ကျွေးမှာပေါ့..ခနစောင့်နော်'

အဲ..အဲ..ချော်လဲတော့မှာပဲ..တကယ်ပါပဲ ခေါက်ဆွဲသွားပြုတ်တာပြေးသွားစရာ လိုလို့လား..
:
ဘယ်လိုအရာတွေကြောင့် သတိမေ့နေ‌‌ေပမယ့်လဲ ဒီလူနဲ့ကတော့ အရမ်းမစိမ်းသလိုခံစားရတယ်..ဘယ်အကြောင်းအရာတွေကငါ့ကို သတိမေ့စေတာလဲ..မေ့ပြစ်ချင်လောက်တဲ့အကြောင်းအရာကဘာလဲဆိုတာ စဉ်းစားမရဘူး
:
'ခေါက်ဆွဲရပါပြီ..သည်းငယ်မစပ်အောင်လို့ အရွက်ထည့်ထားပေးတယ်..အစပ်လျော့ထားတယ်..ပြီးတော့‌ မောင့်အချစ်တွေပါ ထည့်ထားတယ်'

မျက်နှာရူး တကယ့်မျက်နှာရူးအစစ်က သူ

'စိတ်ထဲကနေ နာမည်ဂုဏ်ပုဒ်တွေပေးမနေနဲ့ ခေါက်ဆွဲတွေပွကုန်မယ် စားတော့'

အင်း..မျက်နှာရူးက စိတ်လည်းဖတ်တတ်တယ်..

'ဘော့စ်...အိမ်ရှေ့မှာဧည့်သည်ရောက်နေပါတယ်..လိုက်ကြည့်မှဖြစ်မယ်ထင်တယ်'

'သည်းငယ်..စားထားနှင့်နော် မောင်ခနနေပြန်လာမယ်..'

လွန်းလွန်းငယ် ပါးစပ်ကမဖြေနိုင်တော့ ခေါင်းပဲငြိမ့်ပြလိုက်သည်..ကမ္ဘာပေါ်မှာ သူအလုပ်ရှုပ်ဆုံး..

:
:

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သည်းငယ်အဖေနဲ့ဟိုမိန်းမအမေ..အဲ့မိန်းမကိုမြင်လိုက်တာနဲ့ ထွဋ်မင်းနောင် ဖြစ်ခဲ့သမျှတွေဟာ မျက်လုံးထဲ အစီအရီပေါ်လာကာ ဒေါသထွက်လာသည်။

'ဘာလာလုပ်တာလဲ အန်ကယ်'

'အန်ကယ် သားလေးနဲ့တွေ့ချင်လို့..ပြီးတော့ မင်းအန်တီကလည်း တောင်းပန်ချင်တယ်ဆိုလို့ပါ'

'ကျွန်တော်ကတော့ ဖြစ်ခဲ့တာတွေအတွက် ကျွန်တော့်ဘက်ကမတောင်းပန်နိုင်ဘူး..ပြီးတော့ အန်တီဆိုတဲ့ဟော့ဒီကခင်များတောင်းပန်တာလည်း လက်မခံနိုင်ဘူး..အန်ကယ့်ကိုတော့ အားနာပါတယ်...သည်းငယ်နေကောင်းတဲ့အခါမှ လာခဲ့ပါမယ့် အခုတော့ပြန်လိုက်ပါတော့..'

ဒေါ်မိမိခင် မျက်နှာပျက်သွားသည်...

'အေးပါကွယ်..သားလေးကိုတော့ အန်ကယ့်ဆီ ကျေးဇူးပြု၍ ခေါ်လာခဲ့ပေးပါ'

'စိတ်ချပါအန်ကယ်'


နည်းနည်းပေါ့သွားတယ်..နောက်တစ်ပိုင်းရှယ်ရေးပေးပါ့မယ်..ဒီရက်ပိုင်း အလုပ်နဲနဲရှုပ်နေလို့ပါရှင့်☺️ ‌vote comment ‌follow လုပ်ပေးကြပါအုံး..ဖတ်ရှု့သူအယောက်တိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် Love You All Readers 💜💜💜

မောင့်သည်းငယ်Where stories live. Discover now