Part-1

1.8K 24 4
                                    

                                                     
“လွန်းလွန်းငယ်!”

အောက်ထက်မှအော်သံကြောင့် အခန်းထဲတွင် အိပ်နေသောကောင်လေး၏ ကိုယ်လုံးလေးမှာဆက်ခနဲတုန်သွားပြီ အလန့်တကြားထထိုင်လိုက်မိသည်။ လွန်းလွန်းဘေးကစားပွဲပေါ်ရှိ နာရီကိုကြည့်လိုက်တော့ လက်တံက၇နာရီကိုညွန်ပြနေသည်။ အိပ်ချင်နေသည့် လွန်းလွန်း၏မျက်လုံးမှာ ပြူးကျယ်သွားပြီး ကမန်းကတန်းအောက်ထပ်ကိုပြေးဆင်းသွားသည်။

“လွန်းလွန်းငယ်!..ငါခေါ်နေတာမကြားဘူးလား..သေများသွားပြီလား ဟမ်..”

“ဗျာ..မေမေလေး သားလာပါပြီ..”

“နင် ဘယ်ချိန်ရှိနေပြီလဲ ဟမ်….ငါတို့မနက်စာစားဖို့ ဘယ်မှာလဲ”

“သား မနေ့ညက မလေးခင်ရဲ့ စာတွေကူးရေးပေးနေရလို့..အိပ်ယာဝင်တာနောက်ကျသွားပါတယ် မေမေလေး အဲ့တာအခုမှနိုးတာပါ။”

“ဘာ…အဲ့တော့အခုမင်းကငါ့သမီးကို အပြစ်ပြောချင်တာလား …ဟမ်။ ပြောစမ်း လွန်းလွန်းငယ် ငါ့သမီးကိုအပြစ်ပြောချင်တာလားလို့”

ဒေါ်မိမိခင် ပါးစပ်ကပြောလည်းပြော လက်ကလည်းလွန်းလွန်းငယ်ရဲ့ ဗိုက်ကိုလိမ်ဆွဲထားလေသည်။ လွန်းလွန်းငယ်မှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင်ကျနေသည်။

“အ..နာတယ်မေမေလေး မဟုတ်ပါဘူး သားအဲ့လိုပြောချင်တာမဟုတ်ပါဘူး…ဟင့် သားအိပ်ယာထနောက်ကျရတဲ့ အကြောင်းကိုပဲ ပြောချင်တာပါ။”

“မလိုချင်ဘူး နင်အခုငါနဲ့ငါ့သမီးစားဖို့ ဘာလုပ်ပေးမှာလဲ ငါ့သမီးကျောင်းနောက်ကျလို့မဖြစ်ဘူးဆိုတာ နင်သိတယ်နော်…”

“ဟုတ် သားအခုပဲ မြန်မြန်လုပ်ပေးပါ့မယ် မေမေလေး”

ဒေါ်မိမိခင်လက်ကလွတ်တာနဲ့ လွန်းလွန်းငယ်မှာ မီးဖိုချောင်ထဲအမြန်ဝင်ပြီး သူတို့သားအမိအတွက် မနက်စာပြုလုပ်ပေးရသည်။ ထိုစဉ်ဧည့်ခန်းထဲရှိ ဖုန်းမှဖုန်းမြည်သံထွက်လာသည်။ ဟင် ဒါ ဒါ ဖေဖေ့ဖုန်းပဲဖြစ်မယ် ဖေဖေနဲ့စကားမပြောရတာအတော်ကြာပြီ ဖေဖေနေမှကောင်းရဲ့လား။ ဧည့်ခန်းထဲကဖုန်းက အဆက်မပြတ်မြည်နေသည် ကိုင်မယ့်သူမရှိ။

မောင့်သည်းငယ်Where stories live. Discover now