"မေမေ ဟိုကောင်ပြန်မလာတာ နှစ်ရက်ရှိပြီနော်..."
"ပြန်မလာတော့မကောင်းဘူးလား သမီးရယ်"
"ပြန်မလာတာကောင်းပေမယ့် မေမေ့ယောကျာ်းကြီးရှိသေးတယ်လေ...တော်ကြာသူ့သားကိုဂရုမစိုက်ရကောင်းလားဆိုပြီး မေမေ့ကိုအပြစ်တင်နေမယ်"
"အဲ့တာလည်းဟုတ်တာပဲ သူ့မှာရည်းစားများရှိလားမသိဘူး..သူ့ရည်းစားနဲ့ထွက်ပြေးသွားတာရော မဖြစ်နိုင်ဘူးလား"
"အမလေး မေမေရယ်..သူ့လိုကောင်ကို ဘယ်သူကကြိုက်မှာလဲ"
ဒေါ်မိမိခင်တစ်ယောက် စဥ်းစားရချေပြီ သူ့အဖေပြန်မလာခင် ဒီကောင်လေးကိုတွေ့မှဖြစ်မှာ...ဒီအကောင်ဟာလေ ဘယ်တော့မှကောင်းကျိုးမပေးဘူး ခုလည်းဘယ်သဝေထိုးနေလဲမသိဘူး စိတ်ရှုပ်လိုက်တာ တွေ့မှမှတ်လောက်သားလောက် ဆုံးမပစ်မယ်....
:
:
:
:
:
ကျစ်....မိုးလင်းထိအလုပ်တွေလုပ်မိပြန်ပြီ သည်းငယ်တော့ဘယ်လိုထင်မလဲမသိဘူး... ခေါ်တုံးကခေါ်လာပြီး ပစ်ထားတယ်များပြောလေမလား...ထမင်းဆင်းမစားရင်ဘယ်နှယ့်လုပ်မလဲ...ဒုက္ခပဲ.."မိုက်...ကျန်တဲ့ကိစ္စ မင်းရှင်းလိုက်တော့ ငါပြန်တော့မယ်"
"ဟုတ်ကဲ့ ဘော့စ်"
မိုက်လည်း ပြာယာပြာယာထွက်သွားတဲ့ သူ့ဘော့စ်ကိုကြည့်ပြီး နားမလည်နိုင်ဘူးဖြစ်နေသည်..ဘော့စ် အရင်ကကောင်မလေးများစွာနဲ့တွဲဖူးတယ် ဒီလောက်ပြာယာခတ်တာမတွေ့ဖူးဘူး..နေပါအုံး အရင်ကမိန်းခလေးပဲတွဲတာပါ..ဒီကောင်လေးကျမှ ဘယ်နှယ့်ကွေးသွားရတာတုံး...ဒါလည်းငါ့ကိစ္စမဟုတ်ပါဘူး အဓိကက ဘော့စ်အဆင်ပြေရင်ပြီးတာပါပဲ....
:
:
"သည်းငယ် ..သည်းငယ် "အိမ်ရှေ့ကားရပ်တာနဲ့ သည်းငယ်ဆိုတဲ့နာမည်ကို ပါးစပ်ကမချဘူး အော်ခေါ်လာတဲ့သခင်လေးပါလေ..
"ရော် ငါ့သားရယ် မင်းသည်းငယ်အပေါ်မှာ အိပ်နေပါတယ်ကွာ ဒယ်ဒီတို့ဆီ အရင်လာပါအုံး မင်းမျက်နှာကိုမြင်ချင်လွန်းလို့ပါ"
"ဒယ်ဒီတို့ရောက်နေတာလား"
"ကောင်းရော မိန်းမရေ မင်းသားကငါတို့ကိုမမြင်ဘူးတဲ့"

YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...