Part-13

1.7K 43 1
                                    

အ..အောက်ပိုင်းကနာလိုက်တာ...တစ်ကိုယ်လုံးလည်း စေးကပ်နေတာပဲ..

"မောင်..ထတော့...မောင် ထတော့လို့"

"အင်းးး ..စောသေးတယ် သည်းငယ်ပြန်အိပ်အုံး"

"ဘာမှမစောတော့ဘူး....တစ်ကိုယ်လုံးညစ်ပတ်နေတာ သန့်ရှင်းပေးအုံး...ပြီးတော့ ဒီနေ့မေမေလေးတို့ဆီပို့ပေးမှာဆို.."

"ဟာကွာ...စောစောစီးစီး အဲ့မိသားစုအကြောင်းမပြောနဲ့ကွာ..."

"မပြောစေချင်ထတော့...သည်းငယ်ကိုသန့်ရှင်းရေးလုပ်ပေးလို့"

"အာ့ကြောင့်ညထဲက မောင်လုပ်ပေးပါ့မယ်ဆိုတာကို"

"ဘာလဲ ငြိုငြင်တာလား မလုပ်ပေးချင်ရင် ဖယ်..ကိုယ့်ဘာသာလုပ်မယ်...အလကားလူကို ချစ်‌တယ်လေး ဘာလေးနဲ့ စားပြီးနားမလည်လုပ်တဲ့လူကြီး..အားး...အမေ့"

ပွစိပွစိပြောနေတဲ့ အဘိုးကြီးပေါက်စကို ချိုင်းက‌နေမပြီး ပွေ့ချီလိုက်တယ်...

"မောင့်...ဘာလုပ်တာလဲ ခု ချပေးနော်"

"Morning Sexမဖြစ်ချင်ရင် ငြိမ်ငြိမ်နေလိုက်"

နှာဘူး..လူကိုအားတိုင်းယားတိုင်း လုပ်ချင်နေတယ်..

"စိတ်ထဲကနေ ဘာတေကျိန်နေတာလဲ မောင့်ကိုနှာဘူးလို့‌‌ေပြာ‌ေနတာ သိတယ်နော်"

ဘုရားရေ ဒီလူဘယ်လိုလူလဲ ငါစိတ်ထဲကနေပြောတာလဲသိတာပဲလား ဘယ်လိုသိပါလိမ့်..

"ဘယ်လို သိလဲတွေးနေပြန်ပြီလား..ဟဲဟဲ မောင်ကတန်ခိုးရှင်လေ.."

အော် အော် သိလိုက်ပါပြီ ... ဝမ်းတွင်းရူးကိုး...
:
:
:
:
:
:
"သည်းငယ်..တခုခုဖြစ်ရင် မောင့်ကိုလှမ်းသာခေါ်လိုက်...လွှတ်သာလွှတ်ရတာ သည်းငယ်ကိုမောင်စိတ်မချဘူး ဟိုမိန်းမနှစ်ယောက်ကကောက်ကျစ်လွန်းလို့...မဖြစ်သေးပါဘူး မောင်ပါ‌လိုက်ခဲ့မယ်"

အစိုးရိမ်လွန်နေသော မောင့်ကိုကြည့်ပြီး လွန်းလွန်းငယ်ပြုံးမိသည်...မောင်ကသူ့ကိုသိပ်ချစ်တာ..

"မောင်...သည်းငယ်ကိုကြည့်..အထဲမှာဖေဖေရောရှိတယ်လေ...ဖေဖေကတော့သည်းငယ်ကိုအန္တရယ်မပေးပါဘူး..."

မောင့်သည်းငယ်Where stories live. Discover now