"သည်းငယ် အိပ်နေတာ အရမ်းကြာနေပြီလေကွာ..ထလာပြီး မောင့်ကို စကားပြောပါအုံး...ဟင်..မောင့်ကိုထုရိုက်ပြီး အပြစ်တင်ပါအုံးလား.."
အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သည်းငယ်ကိုကြည့်ပြီး..သူစိတ်မကောင်းဖြစ်မိသည်။ နဲနဲညိုနေစပြုနေတဲ့ ဒဏ်ရာတွေက သူ့ကိုနာကျင်စေသည်။ဒီလောက်ဂရုစိုက်တဲ့ကြားက ဒီလိုတွေဖြစ်သွားရတာကြောင့်လည်း ကိုယ့်ကိုယ်ကိုဒေါသထွက်မိသည်။ အဲ့နေ့ကသည်းငယ်ကို မခေါ်သွားခဲ့မိတဲ့ အတွက်လည်း နောင်တရမိသည်။ အရာအားလုံးအတွက် တောင်းပန်ချင်တယ် သည်းငယ်...မောင့်ကိုချစ်ရင် နိုးလာပါတော့ကွာ.....
"အင်း..ဟင်း..."
"သည်းငယ်...နိုးလာပြီလား..မောင်စိတ်ပူလိုက်ရတာ သည်းငယ်ရယ်"
လွန်းလွန်းငယ်မှာ သူ့ဘေးနားက သူ့ကိုစိုးရိမ်တကြီးကြည့်နေသော သူကိုကြည့်ကာ ကြောင်နေမိသည်။ ဒီလူကဘယ်သူလဲ ငါကရောဘာလို့ ဆေးရုံရောက်နေရတာလဲ..ဘာတွေဖြစ်ကုန်တာလဲ..
"အ.."
သူအရမ်းစဉ်းစားလိုက်တော့ ခေါင်းကထိုးကိုက်လာသည်။
"သည်းငယ် ခုမှနိုးတာကို အရမ်းမစဉ်းစားနဲ့လေ..ခနနားအုံးမှပေါ့"
"ဘယ်သူလဲ.."
သည်းငယ်ရဲ့ ဘယ်သူလဲဆိုသော အမေးကြောင့် နားမလည်နိုင်စွာ သည်းငယ်ကို အံ့ဩတကြီးကြည့်နေမိသည်။
"ဟမ်...သည်းငယ် မောင့်ကိုမနောက်နဲ့လေ..မောင်လေ သည်းငယ်ရဲ့မောင်.."
"ဘယ်က မောင်လည်းကျွန်တော် အဲ့ဘက်ကလူကြီးကို မသိပါဘူး...ကျွန်တော်ဘာလို့ဆေးရုံရောက်နေတာလဲ"
ထွဋ်မင်းနောင်မှာ လွန်းလွန်းငယ်ပြောစကားကိုနားထောင်ပြီး ကြက်သေသေနေမိသည်။အခု သည်းငယ်က ကျွန်တော့်ကို မမှတ်မိတာလား..မနေ့ကထိ ထုရိုက်နေတဲ့သူကလေ...ထွဋ်မင်းနောင် မယုံကြည်နိုင်စွာဖြင့် ဆရာဝန်ခေါ်တဲ့ ခလုတ်လေးကိုနှိပ်လိုက်သည်...
"လူနာသတိရလာပြီလား"
"ဒေါက်တာ လူနာက ကျွန်တော့်ကိုမမှတ်မိဘူးတဲ့...ဘယ်လိုဖြစ်တာလဲ မနေ့ကထိအကောင်းကြီးလေ ဆရာတို့လည်းမြင်တယ်မလား"
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...