Part-11

1.7K 48 11
                                    


တစ်လောကလုံး အိပ်မောကျနေပေမယ့် မအိပ်နိုင်သေးတာကလွန်းလွန်းငယ်...

မောင်က မေမေလေးတို့ကို တခုခုလုပ်လိုက်မှာတော့သေချာတယ်..ငါ့ကိုငဲ့ပြီးသေအောင်တော့ လုပ်မှာမဟုတ်ဘူး..ငါသွားကြည့်သင့်လား..ငါသွားကြည့်တာမောင်သိသွားရင် ငါ့ကိုစိတ်ဆိုးလိမ့်မယ်..ဒါပေမယ့်လည်း ငါ့ကိုကျွေးမွေးထားတဲ့ ကျေးဇူးကိုထောက်ပြီး တစ်ခါလောက်သွားကြည့်သင့်တယ်..ဟုတ်တယ် ငါသွားကြည့်သင့်တယ်....ဘေးနားကလူးလွန့်လာတဲ့ကိုယ်ကြောင့် အတွေးစကိုရပ်လိုက်သည်...

"သည်းငယ် အိပ်မပျော်ဘူးလား ဘာတွေတွေးနေတာလဲ ဟင်"

"မောင် မေမေလေးတို့ကို ဘာလုပ်လိုက်လဲ"

"ခုချိန်ထိမအိပ်‌နိုင်သေးတာက အဲ့သားအမိ‌အကြောင်းတွေးနေလို့ပေါ့လေ ဟုတ်လား"

"အဲ့လိုလည်းမဟုတ်ပါဘူး ဖေဖေကအဲ့မှာကျန်သေးတယ်လေ ပီးတော့ အခုချိန်ထိကျွေးမွေးလာတဲ့ကျေးဇူးကရှိသေးတယ်မလား"

"အဲ့ကျေးဇူးက သည်းငယ်အိမ်မှုကိစ္စလုပ်‌ေပးတာပဲ‌ေလ ကျေတာထက်ကိုပိုနေပြီ"

"မောင် သည်းငယ်ကိုကြည့်"

မျက်နှာကြီးလွှဲပြီးပြောနေတဲ့မောင်က ဒေါသထွက်နေမှန်းသိသာသည်...မျက်ခုံးကြီးကျုံ့ပြီး ဒီဘက်လှည့်တဲ့မောင် တကယ်ပါ ကလေးကျနေရော..

"သည်းငယ် ခနသွားကြည့်ချင်တယ်"

"ဘာလုပ်မှာလဲကွာ သည်းငယ်ပဲစိတ်ဆင်းရမှာကို"

"ခနလေးပါမောင်ရာနော် အဝေးကပဲကြည့်မယ် ကတိပေးတယ် နော် နော်လို့"

"အာ...သည်းငယ်ရာဘယ်လိုတေပြောနေတာလဲ မောင့်ကိုမအိပ်နိုင်အောင်လုပ်နေတာလား..ဟုတ်ပြီ ဒီတစ်ခေါက်ပဲရမယ်နော်"

"ရေး...အာ့ကြောင့်မောင့်ကိုချစ်တာ"

"ဒါပေမယ့် တစ်ခုရှိတယ် ဒီတိုင်းဆိုမောင်ပြန်အိပ်ပျော်ဖို့ခတ်လိမ့်မယ် သည်းငယ်သိပ်မှရမယ်"

"အမ် သည်းငယ်ကဘယ်လိုသိပ်ရမှာလဲ သီချင်းလည်းမရဘူးနော်"
တကယ်ကွာ သူ့ကိုဘယ်သူကသီချင်းနဲ့သိပ်ခိုင်းမယ်ပြောလို့လဲ...

မောင့်သည်းငယ်Where stories live. Discover now