ဒူ ဒူ ဒူ...
"အင်းးး.."
"ကျွတ် ကျွတ် .. မောင်ရှိတယ် အိပ် အိပ်"
သည်းငယ်ကို သိပ်ပြီး တဒူဒူဖြစ်နေတဲ့ ဖုန်းကိုကြည့်လိုက်တော့.. ခေါ်တဲ့သူက မိုက်
"အင်း ပြော..မိုက်"
"ဘော့စ် ကျွန်တော်တို့ ဝယ်လက်ကို တစ်ဖက်ကလုသွားပြီ"
"အင်း တစ်ဖက်ကဘယ်ဂိုဏ်းလဲ"
"သံမဏိဂိုဏ်က မင်းထက်"
"အဟက် ထွဋ်မင်းနောင်ကို လာစမ်းနေတယ်..ဝယ်လက်ကို အခုဆက်သွယ်လိုက်"
"ဝယ်လက်ကို ရှာမတွေ့ပါဘူး ဘော့စ်"
"အဟက် ပုန်းနေမှာပေါ့..မြေလှန်ပြီးရှာ..အရှင်တွေ့ချင်တယ်နော်.."
"ဟုတ်ကဲ့ပါ ဘော့စ်"
မင်းထက်..မင်းထက် တစ်သက်လုံးကမနိုင်တဲ့ငါ့ကို ဒီတစ်ခေါက်တည်းနဲ့ အနိုင်ရပြီထင်ရင် မင်းမှားမှာပေါ့...ဒီခလာက်နဲ့ ဘဝပျက်ရင် ထွဋ်မင်းနောင် ဘယ်ဟုတ်တော့မလဲ..အဟက်
ဒူ ဒူ ဒူ..မသိတဲ့ဖုန်းနံပါတ်ပဲ...
"ဟယ်လို..."
"ဘယ်လိုလဲ အမြဲတမ်းနိုင်နေရတော့ ဒီတစ်ခေါက်ရှုံးတော့ ဘယ်လိုခံစားရလဲ"
"ဒီလောက်အရှုံးကို ငါစာမဖွဲ့ဘူး...မင်းကိုမေးပါအုံးမယ် အမြဲတမ်းရှုံးနေပြီး တစ်ခေါက်လောက်နိုင်သွားတော့ ဘယ်လိုခံစားရလဲ"
"မင်း..."
အရှိုက်ထိသွားတယ် ထင်ပ..အဟင်း
"မင်းစောင့်ကြည့်နေပါ အမြဲတမ်းမင်းကိုအနိုင်ယူသွားမှာ"
"အင်း ကြိုးစားကြည့်ပေါ့.."
"တောက်!."
ထွဋ်မင်းနောင် ထွဋ်မင်းနောင် မင်းစောင့်ကြည့်နေပါ..မင်းဆီကနေ ငါအကုန်လုံးကိုလုယူပြမယ်..မင်းရဲ့အသည်းအသက်အပါအဝင်ပေါ့..အဟားး..
:
:
"မောင်..""သည်းငယ်နိုးနေပီလား စောသေးတယ် အိပ်အုံး..မောင်ဖက်ထားပေးမယ်"
"မအိပ်တော့ဘူး မောင့်အတွက်မနက်စာလုပ်ပေးမယ်"
"အင်း ဒါဆိုမောင်ရေချိုးပြီး ဆင်းခဲ့မယ်..ပြွတ်..မောနင်းkiss"

YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...