"မောင်..ဘယ်တွေသွားနေတာလဲ ဟင့်"ကျွန်တော်အိမ်ရောက်တော့ သည်းငယ်ကသတိတောင်ရနေပြီ...ကျွန်တော်ဝင်လာတာလည်းမြင်ရော လက်နှစ်ဘက်ဆန့်ပြီး သူ့ကိုဖက်ထားပါပေါ့..ဘာတွေဝမ်းနည်းလို့ ငိုနေရတာလဲ မောင့်သည်းငယ်ရယ်...
"ဟင့် မောင်ဘယ်သွားနေတာလဲလို့"
ပြောလည်းပြော လက်ကလည်း ကျွန်တော့်ရင်ဘက်ကိုထုနေသေးတယ်..
"လက်တွေနာကုန်မှာပေါ့ သည်းငယ်ရဲ့..သည်းငယ်မှာအခုဒဏ်ရာတွေနဲ့လေ"
"ဟို..ဘော့စ် ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး"
သည်းငယ်ကိုစိတ်ပူနေတာနဲ့ပဲ ဘေးမှာဦးဝင်းရှိတာကို မေ့သွားရသည်..ဦးဝင်းအသံကြားမှ ဟိုပေါက်စကရင်ခွင်ထဲကအတင်းထွက်သွားလေရဲ့..သူလည်းရှက်ဖို့မေ့သွားတယ်ထင်ပါ့..အဟင်း
"ဆောရီးပါ ဦးဝင်း..သည်းငယ်ကိုစိတ်ပူတာနဲ့ပဲ ဦးဝင်ကိုသတိမထားမိလိုက်ဘူး ဖြစ်သွားတယ်"
"ရပါတယ် ဘော့စ်..ကလေးကိုဂရုစိုက်လိုက်ပါအုံး.."
"ဟုတ်ပါပြီ"
ဦးဝင်းထွက်သွားမှရင်ခွင်ထဲပြန်ဝင်လာတယ်..
"မောင်ကဘယ်သွားနေတာလည်းဟင် သည်းငယ်နိုးတော့မောင်ကမရှိဘူး ဟင့်"
"ဟော ငိုပြန်ပီကွာ..မျက်လုံးတွေနာကုန်တော့မှာပဲမောင့်သည်းငယ်ရယ် မောင်အလုပ်လေးရှိလို့ အပြင်ခနလေးသွားတာပါကွာ"
"မောင့်ကိုမတွေ့တော့ ဝမ်းနည်းတာပေါ့ ဟင့်"
"ဟုတ်ပြီ အခုမောင်ပြန်ရောက်ပီလေနော် မငိုနဲ့တော့..နေပါအုံး ခုကျတော့ မောင်လို့ခေါ်ပီပေါ့ မရှက်တော့ဘူးလား"
"ဟင့်အင်း မရှက်တော့ဘူး..သည်းငယ်မောင့်ကိုချစ်တယ်"
မြတ်စွာဘုရား ကျွန်တော်အခုသည်းငယ်ဆီကအဖြေရလိုက်တာမလား..ကျွန်တော့်ကိုသည်းငယ်ကအဖြေပေးလိုက်ပီပေါ့နော်..အဟား..
"သည်းငယ်..အခု..မောင့်ကို..မောင့်ကိုအဖြေပေးလိုက်တာလား"
"ဟုတ်တယ် မောင့်ကိုချစ်တယ် ဘယ်ချိန်ကချစ်မိသွားလည်းမသိပေမဲ့..မေမေလေးတို့ရိုက်တဲ့ချိန်က သည်းငယ်မောင့်ကိုပဲ တစ်ချိန်လုံးတမ်းတနေမိတာ..မောင်မရှိရင်မဖြစ်တော့ဘူး"
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...