ဒီနေ့ကထွဋ်မင်းနောင် အလုပ်ရှုပ်သည့်နေ့ အိမ်မှာရှယ်ယာရှင်အသစ်တစ်ယောက်နဲ့ စာချုပ်ချုပ်ရမှာ အမှန်ဆို ရုံးမှာချုပ်ရမှာပေမယ့် သည်းငယ်က နေကောင်းကာစ စိတ်မချတာကြောင့် အိမ်မှာပဲ စာချုပ်ချုပ်ဖြစ်လိုက်တာ...
'မိုက်'
'ဟုတ်ကဲ့ ဘော့စ်'
'ရှယ်ယာရှင် ဘယ်ချိန်လာမှာလဲ'
'ကျွန်တော် မနက်၁၀နာရီ ချိန်းထားပါတယ်ဘော့စ်'
'ကောင်းတယ် သည်းငယ်ထမင်းစားပီးချိန်နဲ့ကွက်တိပဲ..မင်းလိုအပ်တာတွေ ကြည့်ထားလိုက်အုံး..ငါသည်းငယ်ကို သွားနှိုးလိုက်အုံးမယ်'
'ဟုတ်ကဲ့ ဘော့စ်'
အိပ်ပုတ်လေးကို သွားနှိုးရအုံးမယ်. ခုနောက်ပိုင်း ဒီကလေး အအိပ်မက်လာတယ်..စိတ်ပျက်လားဆို..နိုးပါ..ကျွန်တော့်ဆီမှာ အပူပင်မရှိသည်းငယ်နေချင်သလိုနေလို့ရတယ် ကျွန်တော်ကပိုတောင်ချစ်သေး...ဟော .. အိပ်ယာပေါ်မှာ ပိုးလိုးပက်လက်အိပ်နေတာ .. ကြည့်ပါအုံး ချစ်စရာလေး...
'သည်းငယ်လေး..ကလေးလေး ထတော့လေကွာ..၉နာရီထိုးပီ အိပ်ပုတ်လေးရ'
'အမ်းး...အွမ်းး'
ဟော ဟိုဘက်လှည့်အိပ်သွားပြန်ပြီ..
'သည်းငယ်လေး ထတော့..အကြာကြီးအိပ်ရင်..သည်းငယ်မျက်လုံးဖောင်းနေမယ်နော်..ဖောင်းပီးမလှပဲနေမယ်'
'အွမ်းး..မထချင်သေးဘူးလို့'
အပျင်းထူလေး အိပ်ချင်မူးတူးနဲ့ တကယ်ကွာ..အရင်က သူ့ကိုအတင်းအကြပ်ခေါ်ထားတာကို မေ့နေပုံပဲ ...
'သည်းငယ် မောင်ခနနေအိမ်မှာ အစည်းအဝေးရှိတယ် ခုထမှ သည်းငယ်ကို မနက်စာကျွေးအပီး ကွက်တိဖြစ်မှာလေ'
'အာ..မသိဘူးကွာ..ကိုယ့်ဘာသာထမယ်..သွား..မထဘူး'
အာ ဂျစ်တူးလေးကွာ..တကယ်..ဘလိုဟာလေးလည်းမသိဘူး...
'သည်းငယ် တကယ်မထဘူးလား'
'မထဘူး..'
'ရတယ် အဲ့တာဆို မောင်လည်းသည်းငယ်နဲ့အတူတူအိပ်မယ် ဘယ်ရှယ်ယာရှင်နဲ့မှလက်မှတ်လည်းမထိုးဘူး..အလုပ်လည်းမလုပ်တော့ဘူး..ကုမ္ပဏီလည်း ရှယ်ယာကျရင်ကျပစေတော့..'
YOU ARE READING
မောင့်သည်းငယ်
Fanficသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...