'မောင် အဲ့မှာဘာထိုင်လုပ်နေတာလဲ'
မျက်ရည်တွေခိုးသုတ်ပြီး ဒီဘက်လှည့်လာတဲ့မောင့်ကိုကြည့်ပြီး ပြုံးမိသည်။
'အားရီးဂူး ငိုနေပြန်ပီလား..ဘယ်ချိန်ကစပြီး မောင်ကအငိုသန်လေးဖြစ်သွားတာလဲ'
'မောင်မငိုပါဘူး ဘယ်မှာငိုလို့လဲ'
'အဲ့ဓာတ်ပုံတွေပစ်လိုက်တော့ဆိုတာကို မပစ်ဘူး'
'မပစ်ပါဘူး အမှတ်တရကို..'
'အဲ့ အမှတ်တရတွေကြည့်ပီး မောင် ခိုးခိုးငိုနေတာလေ'
တကယ်ပါ ဆေးရုံးတက်တုန်းက ပုံတွေရိုက်လိုရိုက် video ရိုက်လိုရိုက်နဲ့..ပီးတော့ အဲ့ဟာတွေပြန်ကြည့်ပီး ငိုလိုငို..မောင်ကတကယ် အရူး
'မောင်..ဝမ်းနည်းလို့ပေါ့..'
'မောင်ကအရူးလား..ပြော..မောင့်ရှေ့မှာသည်းငယ်တစ်ယောက်လုံး ရှိနေတာကို'
ထွဋ်မင်းနောင်..လွန်းလွန်းငယ်ကို ရင်ခွင်ထဲပွေ့ဖက်ကာ..
'မောင် အဲ့တုန်းကတကယ်ရူးတော့မလိုပဲ..သည်းငယ်သာမောင့်ကိုထားသွားရင်ဆိုတဲ့ စိတ်နဲ့ စားလို့လည်းမဝင် အိပ်လို့လည်းမပျော်..တကယ်သာ မောင့်ကိုထားခဲ့ရင် မောင်သည်းငယ်နောက်ပဲလိုက်လာခဲ့မှာ'
'သည်းငယ်ကိုအဲ့လောက်တောင်ပဲ ချစ်တာလား'
'ဘယ်လိုမေးလိုက်တာလဲ ချစ်လွန်းလို့ စတွေ့ကတည်းက မောင့်အိမ်ကိုခေါ်ခဲ့တာပေါ့..ကျေးဇူးတင်ပါတယ် ခုလိုကောင်းကောင်းမွန်မွန်နိုးထလာပေးလို့'
'မောင့်ကိုလည်း သည်းငယ် ချစ်တယ်'
'မော့ပါအုံး နမ်းချင်လို့..'
'မွ'
'ဒါနဲ့ မောင် ဟိုအစ်မကို ဘယ်လိုလုပ်လိုက်လည်း'
'အဲ့တာတွေမမေးနဲ့တော့ သည်းငယ်..မောင်အဲ့အချိန်တွေသတိမရချင်တော့ဘူး'
'ဟုတ်'
သည်းငယ်ဆေးရုံမှာ သတိရပီဆိုတဲ့နေ့ကပဲ နွဲ့နှောင်းကေခိုင်ဆုံးသွားတယ်ဆိုတာ..သည်းငယ်ကို ဘယ်တော့မှမပြောပြတော့ဘူး..နောက်နောင်လည်း သည်းငယ်ကိုဘယ်သူမှမထိနိုင်အောင် မောင်အတက်နိုင်ဆုံးကာကွယ်မယ်....
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...
