"ဟဲ့ လေးခင်..နင့်အိမ်ကနင့်ပထွေးရဲ့သား ပျောက်နေလို့ဆို""တော်စမ်းပါအေ သူ့ဟာသူဘယ်ကောင်နဲ့ ဖာခံလိုက်သွားလည်းမသိတာ"
'"နင်ကလည်း အဲ့လိုမပြောပါနဲ့ အဲ့ကောင်လေးကဖြူဖြူနုနုနဲ့ မသမာသူတွေဖမ်းသွားရင်ဘယ်နှယ့်လုပ်မလဲ"
"သူ့ဘာသာအိမ်ကနေထွက်သွားတာလေ ဖမ်းချင်တဲ့သူဖမ်းသွား ငါ့အရေးမပါဘူး"
စုစုလည်း ကောင်လေးအတွက်သနားပေးယုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ လေးခင်တို့သားအမိ ဒီကောင်လေးကို ဘယ်လောက်နှိပ်စက်လဲ သူအသိဆုံး..ဒါပေမယ့်လည်း အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာကတစ်ကြောင်း လေးခင်ကိုကြောက်ရတာကတစ်ကြောင်းကြောင့် ဘာမှမပြောရဲပေ......
"ဟဲ့ လေးခင် ဟိုဘဲကြီးမမိုက်ဘူးလားကြည့်စမ်း"
"နေစမ်းပါ ရေမလျှံရင်စိတ်မဝင်စားဘူး"
"ဟ ကားကနောက်ဆုံးပေါ်ကားပေါ်ကဆင်းလာတာ..ဟိုဘက်စတိုးဆိုင်ရှေ့ကို နင်တစ်ချက်လှမ်းကြည့်လိုက်"
လေးခင်လည်း စုစုပြတဲ့နေရာလှမ်းကြည့်လိုက်တော့ တကယ့်အမိုက်စားဘဲကြီး ဒါမျိုးက လေးခင်အကြိုက်ပဲ ရေလည်းလျှံမယ့်သဘောရှိတယ်
"ငါ့စတိုင်ပဲ စုစု လာ ငါတို့ဝင်လုံးရအောင်"
"နေအုံး ကားထဲကိုတစ်ချက်ကြည့်လိုက်အုံး..Love seat မှာထိုင်နေတာ လွန်းလွန်းမလား"
"ဟင်!"
ဒီကျက်သရေမရှိတဲ့ကောင်က ဒီကားပေါ်ဘယ်လိုလုပ်ရောက်နေတာလဲ..ဒီကားနဲ့သူနဲ့တန်လို့လား..လေးခင်ဒေါသထွက်လာကာ ကားဆီသို့အလောတကြီး သွားနေမိသည်...
"ဟဲ့ လေးခင်!! ဘယ်လဲ မသွားနဲ့လေ"
စုစုလည်းနောက်ကအော်ရင်း လေးခင်နောက်ကိုပြေးလိုက်လာသည်...လေးခင်ကားမှန်ကိုခေါက်လိုက်တယ်...
"ဒေါက် ဒေါက်"
ဟင် မလေးခင်..မလေးခင်ကဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ..ငါ့ကိုပြန်ခေါ်သွားမလို့လား..ဟင့်အင်း အဲ့အိမ်ကိုတော့ပြန်မလိုက်နိုင်ဘူး...ဘယ်လိုလုပ်ရမလဲ ဟိုလူကြီးကလည်း မုန့်သွားဝယ်နေတယ်...
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...