"ဒုန်း..."
မလေးခင်သူ့ရှေ့မှာကျလာတဲ့ ပစ္စည်းကိုကြည့်ပြီး သွေးပျက်နေသည်။ လွန်းလွန်းငယ်ကို မနာလိုဖြစ်ပြီးလုပ်လိုက်ပေမယ့် သူ့အစီအစဉ်တွေ တစ်ခုမှဖြစ်မလာခဲ့၊ သူဖြစ်စေချင်တာ လွန်းလွန်းငယ် ဘ၀ကို စုတ်ပျက်သပ်သွားစေချင်တာ...ခုတော့ဒီလိုမဟုတ်....
"မေမေ....ဟင့်...မေမေကိုခေါ်ပေး..."
"ဘယ်ကမေမေကိုခေါ်ပေးရမှာလဲ...သူများကိုဒုက္ခပေးတုန်းက မေမေနဲ့တိုင်ပင်ခဲ့တာလား...ဟမ်...မင်းတို့သားမိကို ငါသတိပေးထားပီးသား...သည်းငယ်ကိုနောက်ထပ် ဒုက္ခမပေးဖို့"
"ကျွန်မတောင်းပန်ပါတယ်...နောက်မလုပ်တော့ပါဘူး..ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ"
"မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ချင်ပေမယ့်...သည်းငယ်ကခုထိသတိမရသေးဘူး...မင်းထက်သည်းငယ်က ပိုအရေးကြီးတဲ့အတွက် မင်းသက်သာသွားတယ် မှတ်..."
"ဒါ....ဒါဆို..ကျွန်မကိုလွှတ်ပေးမှာပေါ့နော်..."
"အင်း..လွှတ်ပေးမှာပေါ့...ဒါပေမယ့် ငါ့ဧည့်သည်တွေကိုတော့ ဧည့်ခံပေးသွားပါအုံး..."
"မိုက်..."
ထွဋ်မင်းနောင်ခေါ်လိုက်တယ်ဆိုရင်ပဲ မိုက်ဟာ လူဆယ်ယောက်လောက်နဲ့ အခန်းထဲဝင်လာသည်။
"မင်း..သည်းငယ်ကို လုပ်ခဲ့သလို တစ်ပုံစံတည်းတူအောင်လုပ်ပေးမယ်...မင်းကဒါမျိုးတွေ ကြိုက်တယ်မလား..."
"မကြိုက်ဘူး..မ..မလုပ်ပါနဲ့..တောင်းပန်ပါတယ်.."
"သည်းငယ်တောင်းပန်နေတဲ့အချိန်တုန်းကမင်းဘာလုပ်နေလဲ...မင်းအဲ့ချိန်းတုန်းကသာ သည်းငယ်စကားကို နားထောင်ခဲ့မယ်ဆိုရင်...သည်းငယ်အခုလိုဖြစ်စရာ အကြောင်းကိုမရှိဘူး"
"ငါ ရှည်ရှည်ဝေးဝေးမပြောချင်တော့ဘူး..အဲ့တော့..မိုက်..ဒီကအမကြီးကို ငါ့ရဲ့ဧည့်သည်တွေနဲ့ တစ်ညလုံးပေးပျော်လိုက်ကွာ...မနက်ရောက်လို့ အသက်ရှင်သေးရင်တော့ သူ့အမေအိမ်ပြန်ပို့လိုက်..မရှင်တော့ရင်တော့ ပြာအိုးပို့လိုက်"
"ဟုတ်ကဲ့ပါ..ဘော့စ်"
သည်းငယ်ရေ...မင်းနိုးလာတဲ့အချိန် ကိုယ့်ကို ကြိုက်သလိုအပြစ်တင်လို့ရတယ်...ဒါပေမယ့် မင်းအပေါ်ကျူးလွန်ထားတဲ့ အပြစ်တွေကို ကိုယ်ဘယ်လိုမှမခွင့်လွှတ်ပေးနိုင်ဘူး..မင်းမိသားစု..မင်းသူငယ်ချင်း ဘယ်သူမှမင်းကိုအနိုင်မကျင့်စေရဘူး...အဲ့လောက်ထိ ကိုယ်မင်းကိုချစ်တယ်..သည်းငယ်...
:
:
:
:
:
"သွား...မလာနဲ့..ငါ့ဆီကထွက်သွား...သွားကြ...မလာကြပါနဲ့ တောင်းပန်ပါတယ်"
"သည်းငယ်..သည်းငယ်..မောင့်ကိုကြည့်..မောင့်ကို ဘာမှမဖြစ်တော့ဘူးနော်.."
"မောင်...မောင်လား...မောင်..သည်းငယ်ကြောက်တယ်..လူ..လူတွေက အများကြီးပဲ..သူတို့..သူတို့..သည်းငယ်ကို တစ်ခုခုလုပ်တော့မှာ...သူတို့..."
သည်းငယ်ရယ်...ကိုယ်ရင်တွေနာလိုက်တာကွာ.. ကိုယ်အသုံးမကျလို့ သည်းငယ်အခုလိုဖြစ်ရတာ..ကိုယ့်ကြောင့်ပါကွာ...
"သူတို့ကို မောင်...မောင်းထုတ်လိုက်ပြီ..သူတို့မရှိတော့ဘူးနော်...သည်းငယ်မောင့်ကိုပဲ ကြည့်...."
လွန်းလွန်းငယ်မှာ ထွဋ်မင်းနောင်ကိုသေချာကြည့်ပြီး..တွန်းထုတ်လေသည်...
"ဟင့်အင်း...မောင်လည်းမလာနဲ့...သည်း..သည်းငယ် ကိုယ်ကမသန့်ရှင်းတော့ဘူး..သူတို့တစ်ခုခုလုပ်လိုက်တယ်..."
"မဟုတ်တာကွာ...သူတို့သည်းငယ်ကို ဘာမှမလုပ်ဘူး .. မောင် အချိန်မှီ ရောက်လာတယ်လေ..သည်းငယ်..မောင့်ကိုမယုံဘူးလား"
"မယုံဘူး...ငါဘယ်သူ့ကိုမှမယုံဘူး..အကုန်လုံးထွက်သွား..သွား.."
လွန်းလွန်းငယ်မှာ အော်ဟစ်ပြီး အခန်းထဲရှိသမျှပစ္စည်းများနဲ့ ပစ်ပေါက်လေသည်။ ဒေါက်တာနဲ့သူနာပြုဆရာမများ အားလုံးပြေးဝင်လာကြပြီး လွန်းလွန်းငယ်ကိုချူပ်ထားကြသည်။ ထွဋ်မင်းနောင်မှာတော့ ဒီအခြေအနေကြီးကို မှင်သက်စွာ မလှုပ်မယှက်ကြည့်နေမိတော့သည်။
"ကျွန်တော်တို့ လူနာကို အနားပေးရပါမယ်..ဖြစ်သွားတဲ့ကိစ္စတွေပေါ်မှာမူတည်ပြီး လူနာကစိတ်ဂနာမငြိမ်ဖြစ်နေပြီး တစ်ခုခုကို အသည်းအသန် ကြောက်ရွံနေတယ်...ကျွန်တော်အိပ်ဆေးထိုးပေးခဲ့တယ်..လူနာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါစေ..ခင်များလည်းနားလိုက်ပါအုံး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"
ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ..မောင့်အပြစ်တွေ အများကြီးပါတယ်သည်းငယ်...မောင် သည်းငယ်ကို သေချာဂရုမစိုက်နိုင်ခဲ့လို့ ဒီလိုတွေဖြစ်ရတာ..နိုးလာတဲ့အချိန်မှာတော့ မောင့်ကိုအပြစ်တင်ပြီး အရင်လိုပျော်ပျော်ရွှင်ရွှင် ပြန်နေပေးပါ သည်းငယ်.....
အကြာကြီးစောင့်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်....အချစ်+အတွင်းရေးမှူးဉာဏ်လေးရော ဖတ်ပေးကြပါအုံး...ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ Love You All
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...