အဖြူရောင်king sizeအိပ်ယာပေါ်မှာ လူးလွန့်လာတဲ့ပုံရိပ်လေး ဘေးမှာတော့ အရိပ်လေးလက်ကိုကိုင်ပြီး အိပ်နေတဲ့ လူတစ်ယောက်...အရိပ်လေး မျက်လုံးလေးပွင့်လာပြီး ဟိုကြည့်ဒီကြည့် ကြည့်နေသည်..
ငါဘယ်ရောက်နေတာလဲ ငါအိမ်ကထွက်လာတယ် ပြီးတော့မိုးရွာတယ် ပြီးတော့မသိတော့ဘူး.. အား စိတ်ရှုပ်လိုက်တာ..ဟင် ဘယ်သူကြီးလဲ..အိပ်နေတာကလည်း ချောလိုက်တာ ဟိဟိ..
"ဟင် သည်းငယ် ဘယ်နားကနာလို့လဲ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"
စိတ်ထဲကရယ်တာကို ဘာလို့အပြင်ထွက်သွားတာလည်းကွာ ဒီပါးစပ်ကလည်း..
"ဟင်လို့ သည်းငယ် ဘယ်နားကနာလို့လဲ"
"ဟို..နာတာကသိပ်မနာပါဘူး..ခု ကျွန်တော်ကဘယ်ရောက်နေတာလဲဟင်"
"သည်းငယ်က ခု ကိုယ့်အိမ်မှာလေ"
"ဟို ခနလေး သည်းငယ်ဆိုတာဘယ်သူ့ကိုခေါ်တာလဲ ဟင်"
ဒီကလေး အူယားစရာလေးကွာ မေးနေတဲ့ပုံကကြည့်ပါအုံး မျက်လုံးလေးပြူးပြီး..အား..ချစ်စရာလေးကွာ (ကျွန်မ ထွဋ်ကြီးကို မနိုင်တော့ပါဘူး...ရှင်တို့ဝိုင်းထိန်းပေးကြအုံး..)
"သည်းငယ်ဆိုတာ ဟောဒီ့က ကောင်လေးကိုခေါ်တာလေ"
"ကျွန်တော့်ကို..."
သူ့ကိုယ်သူလက်ညှိုးလေးထိုးပြီး နားမလည်သလိုမျက်လုံးလေးနဲ့ ကျွန်တော့်ကိုကြည့်နေတယ်
ချစ်စရာလေး (အကိုကလည်းနော် ဒီစကားမပါရင် စကားမပြောတတ်တော့ဘူးထင်တယ်)"ဟုတ်တယ်လေ"
"အဲ့တာဆို ဒီကအကိုမှားနေပြီဗျ ကျွန်တာ့နာမည် သည်းငယ် မဟုတ်ဘူးဗျ လွန်းလွန်းငယ်ပါ..အကိုလူမှားနေပြီထင်တယ်"
ထွဋ်မင်းနောင် ရယ်ချင်တဲ့စိတ်ကို မနဲထိန်းထားရသည်..လူတစ်ယောက်လုံးအိမ်ပေါ်ခေါ်တင်ထားတာကို လူမှားနေတယ်လုပ်နေတယ် အကောင်ပေါက်
"အင်း သည်းငယ်ဆိုတာ ကိုယ်ပေးတဲ့နာမည်"
"ဘာလို့အဲ့လိုပေးတာလဲ"
"ချစ်လို့.."
မရည်ရွယ်ပါပဲ ပါးစပ်ကထွက်သွားသည်..အဲ့လောက်တောင် ကိုယ်ကသည်းငယ်ကိုချစ်တာ
![](https://img.wattpad.com/cover/303151425-288-k20473.jpg)
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...