သည်းငယ်မရှိတဲ့ဒီအိမ်ကြီးထဲမှာ မောင်သိပ်အထီးကျန်တာပဲ သည်းငယ်။ မောင့်ကို ဒီအိမ်ကြီးထဲ တစ်ယောက်တည်းထားခဲ့တာ သည်းငယ်လွန်တယ်လို့မထင်ဘူးလား.. မောင် သည်းငယ်ကိုလွမ်းလွန်းလို့ သည်းငယ်အသံကိုကြားချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ...မောင့်ကိုရူးစေချင်တာလား....
'သခင်လေး ထမင်းလေးတော့ စားပါအုံးသခင်လေးရယ်'
'ကျွန်တော်မစားချင်ဘူး'
'ဒီလိုပုံစံကိုသားလွန်းလေးမြင်ရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး နည်းနည်းဖြစ်ဖြစ် စားလိုက်ပါတယ်'
'ကျွန်တော်စားမဝင်ဘူး..ကျွန်တော်ဘလိုစားဝင်မှာလည်း ကြီးညိုရယ်...'
ရင်ခွင်ထဲခေါင်းတိုးဝင်ကာရှိုက်ကြီးတငင် ငိုနေတဲ့ သခင်လေး...သားလွန်းလေးကိုဘယ်လောက်ေတာင်လွမ်းနေလဲဆို သူ့ဘဝမှာတခါမှမကျဘူးတဲ့ မျက်ရည်ကသက်သေပင် ...
သည်းငယ် မင်းဒီအိမ်မှာမရှိတဲ့နေ့ကစ မောင်စားလို့လည်းမဝင်သလို အိပ်လို့လည်းမပျော်ဘူး...သည်းငယ်ကိုလွမ်းတိုင်း အဲ့နွဲ့ေနှာင်းေကခိုင်ဆိုတဲ့ဟာမကို တစ်ခါနှိပ်စက်တယ်..သူ့ကိုမောင်မသတ်ဘူး..ဒါပေမယ့်ရှင်လျက်နဲ့သေအောင်တော့ နှိပ်စက်ထားတယ်...လွယ်လွယ်နဲ့ပေးသေလိုက်ရင် သည်းငယ်အတွက်မတရားဘူးလေ..သည်းငယ်နာကျင်ရတာထက်အဆတစ်ရာ ပြန်ခံစားရအောင်လုပ်မှာ...
'ဘော့စ်...မနွဲ့နှောင်းကေခိုင် သူ ဒဏ်မခံနိုင်လောက်တော့ဘူး..သူခံနိုင်ရည်မရှိတော့ဘူး'
'အဲ့လိုဖြစ်လို့ဘယ်ရမလဲ ... လွယ်လွယ်နဲ့ပေးမသေနိုင်ဘူး..မိုက် ဆေးသေတ္တာယူခဲ့ သူ့ကိုနာကျင်မှုသက်သာအောင်လုပ်ပေးရမှာပေါ့'
ဂိုထောင်ထဲဝင်လိုက်တာနဲ့ ဖျော့တော့တော့ညည်းသံကိုစတင်ကြားရသည်။နံရံမှာချိတ်ဆွဲခံထားရတော့ နာကျင်လွန်းလို့ အသံတော်မထွက်နိုင်ရှာတော့ဘူးပေါ့..ဓါးနဲ့မွှန်းထားတဲ့နေရာတိုင်းက သွေးတွေအဆက်မပြတ်စီးကျနေသည်။ ဒီလိုမြင်ကွင်းကို သာမာန်လူတစ်ယောက် ကြည့်နိုင်မည်မဟုတ်....
'ကျွန်မကို သတ်ပေးပါ ကျွန်မသေပါရစေ'
အားမရှိတဲ့ကြားကထွက်လာတဲ့အသံ...
'ဟယ်လို..ဘယ်လိုလဲ အရမ်းနာနေလား..ဒီမှာသက်သာအောင်ဆေးတောင်ယူလာပေးတာကို ခုကတည်းကသေချင်နေပီလား'
'ကိုထွဋ်..ကိုထွဋ် ကျွန်မတောင်းပန်ပါတယ်..လွန်းလွန်းငယ်ကို လှေကားပေါ်ကတွန်းချမိတဲ့အတွက် တောင်းပန်ပါတယ် ကျွန်မကိုလွှတ်ပေးပါ'
'တိတ်စမ်း...မင်းပါးစပ်က သည်းငယ်နာမည်မထွက်နဲ့..မင်းတောင်းပန်တာကိုရော သည်းငယ်ကကြားနိုင်မှာတဲ့လား..'
'တောင်းပန်ပါတယ်'
'မတောင်းပန်နဲ့..ခုနကကျသတ်ပေးပါဆို ခုကျလွှတ်ပေးပါတဲ့လား'
'ကျွန်မတောင်းပန်ပါတယ်..ကျွန်မဒီလိုနာကျင်မှုနဲ့ မနေနိုင်ဘူး..သတ်မှာဆိုလည်းသတ်လိုက်ပါတော့'
'ဟား..ဟား..မင်းခံစားရတာက ငါနာကျင်ရတာလောက်မဆိုးသေးပါဘူး'
'ကျွန်မမှာဘာအပြစ်ရှိလို့လဲ..ရှိတယ်ဆိုလည်း အဲ့တဲရှင့်ကိုချစ်မိတဲ့အပြစ်ပဲရှိတယ်'
'အေး ငါ့ကိုချစ်တာအပြစ်မဟုတ်ပေမယ့် ပိုင်ရှင်ရှိတဲ့သူကိုချစ်တာ အပြစ်ပဲ..ပြီးတော့ အဲ့ပိုင်ရှင်ရဲ့ပိုင်ရှင်ကိုထိတာလည်း အပြစ်ပဲ..အဲ့တော့ မင်းအဲ့အပြစ်ကိုခံယူသင့်တယ်..မင်းအရမ်းနာကျင်နေတယ်ဆိုလို့ဆေးတောင်ယူလာပေးတာ..သောက်ထားလိုက် သတ်တော့မသတ်သေးဘူး'
'ရှင်..ရှင် အရမ်းရက်စက်တဲ့သူ လူစိတ်မရှိတဲ့သူ..'
'ဟုတ်တယ် ငါကအဲ့လိုလူပဲ'
ဟုတ်တယ် ရက်စက်တယ် ငါ့အပိုင်ကိုထိလို့ရက်စက်တယ်..
ဟုတ်တယ် လူစိတ်မရှိဘူး ငါ့အပိုင်ကိုထိလို့ လူစိတ်မရှိဘူး..
မောင်မှန်တယ်မလား သည်းငယ်..သည်းငယ်ကိုမထိပါနဲ့ မထိပါနဲ့လို့ အတန်တန်ပြောရဲ့သားနဲ့ လာထိတဲ့သူတို့မှားတာလေ ဟုတ်တယ်မလား သည်းငယ်မောင့်ကိုပြောပါ..မောင်မှန်တယ်မလား ..မောင်ရူးတော့မယ် သည်းငယ်ကိုလွမ်းလွန်းလို့လည်းရူးတော့မယ်..
'သည်းငယ်ကိုချစ်တယ်'
ယောတောဘွန်း မတွေ့တာကြာပြီ updateပေးလိုက်ပြီနော် စောင့်နေပေးတဲ့သူအားလုံးကို ကျေးဇူးပါရှင်
Love You All💜💜💜
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...
