Part-26

7.9K 110 8
                                        

'ကိုထွဋ်..ဒီနေ့နောက်ကျတယ်နော်'

'ဟုတ်တယ် မနက်ကအိပ်ယာထနောက်ကျလို့'

'ကျွန်မ..သိသလောက်ကတော့ ကိုထွဋ်ကအချိန်လေးစားတဲ့သူပါ'

'ဟုတ်တယ်..ညကသည်းငယ်နဲ့လုပ်တာများသွားလို့'

'ကိုထွဋ်...'

နွဲ့နှောင်းကေခိုင်မျက်နှာပျက်သွားသည်...ဒီလိုစကားကို မိန်းကလေးတစ်ယောက်ရှေ့မှာ ဘာမှမဖြစ်သလိုပြောနိုင်ရတာလဲ...

'sorry စကားပြောလောသွားလို့...ဒါနဲ့မနွဲ့နှောင်းကေခိုင်က ကျွန်တော့်ရုံးကို ဘာကိစ္စရောက်နေတာလဲ'

'ကိစ္စကထွေထွေထူးထူးရယ်မရှိပါဘူး...ကိုယ်ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီကဘယ်လိုအခြေအနေရှိလဲဆိုတော့ လာကြည့်တာပါ'

'မနွဲ့နှောင်းကေခိုင် တကူးတကလာကြည့်စရာမလိုပါဘူး..ကျွန်တော်တို့ကုမ္ပဏီအခြေအနေက ရှယ်ယာမဝင်ခင်ကတည်းက မနွဲ့နှောင်းကေခိုင်သိပြီးသားပဲ...အချိန်တန်ရင်အမြတ်ငွေဝင်မှာပါ'

'ကိုထွဋ်ရယ်...မနွဲ့နှောင်းကေခိုင် မနွဲ့နှောင်းကေခိုင်နဲ့ ခေါ်ရတာမောပါတယ်...နွဲ့နှောင်းလို့ပဲခေါ်ပါ'

'ကျွန်တော်အဲ့လိုခေါ်ရတာပဲ အဆင်ပြေပါတယ်'

'ok ကိုထွဋ်သဘောပါ..ဒါနဲ့နေ့လည်စာကို ကျွန်မနဲ့အတူစားရအောင်..ကျွန်မလည်းနေ့လည်မှပြန်မှာဆိုတော့'

'sorry ပါ..ကျွန်တော့်ချစ်သူနဲ့အတူစားနေကျမလို့ပါ'

နွဲ့နှောင်းကေခိုင် မျက်နှာတစ်ချက်မဲ့လိုက်ကာ..

'သူနဲ့ကနေ့တိုင်းစားနေကျပဲလေ...ကျွန်မနဲ့တစ်ခါလောက်လိုက်စားလိုက်ပါ'

'ဒီမှာ မနွဲ့နှောင်းကေခိုင်..စည်းမကျော်လာနဲ့နော်..ကျွန်တော်ဒေါသမထွက်ချင်ဘူး..ကျွန်တော့်ကိုဟိုလိုလုပ်ပါ...ဒီလိုလုပ်ပါဆိုတာကို ကျွန်တော့်သည်းငယ်ကလွဲပြီး ဘယ်သူမှပြောပိုင်ခွင့်မရှိဘူး'

'sorry ကိုထွဋ်..ကျွန်မစိတ်လောသွားတယ်..ကျွန်မပြောချင်တာမဟုတ်ပါဘူး...ကိုထွဋ်သဘောပါ နောက်ကြုံမှပေါ့..ကျွန်မပြန်တော့မယ်'

မောင့်သည်းငယ်Where stories live. Discover now