"ကြီးညို ဘာဟင်းချက်လည်း"
"အော် သားလေးက ဘာစားချင်လို့လဲ ကြီးညိုကဟင်းချက်မလို့ပြင်တုံး "
ဒီအိမ်ရောက်တာ၁ပတ်လောက်ရှိပြီဆိုတော့ ကြီးညိုနဲ့ကအတော်ကိုခင်နေပြီ...ကြီးညိုက ကျွန်တော့်ကိုသားလေးတစ်ယောက်လို စောင့်ရှောက်ပေးတယ်..တော်သေးတာပေါ့ ဒီအိမ်ကြီးထဲ စကားပြောဖော်လေးရှိလို့..မဟုတ်ရင် ပျင်းလွန်းလို့သေမှာပဲ..
"သားက အာလူးနဲ့ကြက်သားအစပ်ချက်ထားတာ စားချင်တာ"
"အစပ်တွေ သခင်လေးကမှ မစားခိုင်းတာ သားရဲ့"
"သားက စားချင်လို့ကို အစပ်ကိုပါယုံပဲထည့်လေ နော်...တကယ် တကယ် သားစားချင်လို့ပါ"
"ဟုတ်ပြီ အဲ့တာဆို သားက ကြီးညိုကိုတစ်ခုပြန်ကူညီပေး"
"အွန်း အွန်း ကူညီမယ် ကူညီမယ်"
"သခင်လေးဆီ ထမင်းချိုင့်ပို့ပေး"
"ဗျာ ... အာ ကြီးညိုကလည်း မပို့ချင်ပါဘူး သူ့ဘာသာပြန်လာစားလိမ့်မယ်"
"အဲ့လိုပြန်လာမစားလို့ပေါ့ သားရဲ့ သခင်လေးကအပြင်မှာစားမယ်ပဲပြောတာ ပြီးရင်ဟုတ်တိပတ်တိမစားဘူး..အဲ့တာကြောင့် အစာအိမ်ကခနခနအောင့်တတ်တာသားရဲ့ သားပို့ရင်တော့ သခင်လေးကစားမှာပါ"
"အရင်လည်းဒီလိုပဲ သူအပြင်မှာစားနေကြမလား"
"ဟုတ်ပါတယ် သားရောက်လာတော့ သူသားရဲ့စကားကိုနားထောင်မှာပါ..သားပါသခင်လေးနဲ့အတူစားလိုက်ပေါ့"
"ဟွန်း စားချင်ပါဘူး"
"စားလိုက်ပါ အဲ့ကနေပြန်လာမှစားရင် အချိန်ကအရမ်းနောက်ကျသွားရင် ဗိုက်မကောင်းဖြစ်နေမယ်"
"ဟုတ်ပါပြီ ကြီးညိုပြောသလိုလုပ်လိုက်ပါ့မယ် သားရေသွားချိုးလိုက်မယ် ကြီးညိုအဆင်သင့်ပြင်ထားပေးလေ"
"ဟုတ်ပြီ သားလေး"
:
:
နေပါအုံး ရေတော့ချိုးပြီးပါပြီ ဘယ်အကျီဝတ်ရမလဲ တစ်ပတ်တောင်ရှိပြီငါ့ကို ခုထိ အကျီဘောင်းဘီလေးတောင် မဝယ်ပေးဘူး..သူဆင်ပေးတာပဲဝတ်နေရတာ..ဟွန့်ကပ်စေးနဲ..မှန်းစမ်း သူ့ဗီရိုထဲမှာရှာကြည့်မယ်..

YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...