Part-9

1.5K 41 3
                                    


"ဦးဝင်း..ကြည့်ပေးပါအုံးဗျာ..သည်းငယ်က.. သည်းငယ်က ခေါ်မရတော့လို့"

ဘော့စ်ရဲ့ဒီလိုပုံစံကို သူတစ်ခါမှမမြင်ဖူးပေ ကလေးလေးကိုပွေ့ထားပြီး မျက်နှာမှာလည်း မျက်ရည်တွေနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ဘော့စ်ရဲ့ပုံစံကတကယ့်အရူးတစ်ယောက်နှယ်...

"ဘယ်လိုဖြစ်တာလဲဘော့စ်..ဦးဝင်းကိုပြောပြအုံး"

"ကျွန်တော်ပြီးမှ အကုန်ပြောပြမယ်..အခုသည်းငယ်ကိုစစ်ပေးပါ"

"ဟုတ်ပြီ ဟုတ်ပြီ ကုတင်ပေါ်တင်လိုက်"

ဘယ်လိုကိစ္စတွေများဖြစ်ခဲ့လို့ ဒီကလေးက မေ့မျောရတဲ့အထိဖြစ်လာရတာလဲ...

"သည်းငယ်သာ တခုခုဖြစ်ကြည့် အကုန်လုံးကိုအရှင်မထားဘူး အကုန်သတ်ပစ်မယ်"

"ဘော့စ် စိတ်လျော့ပါ ကျွန်တော်အကောင်းဆုံးဖြစ်အောင် ကုသပေးပါမယ်"

သည်းငယ်က ဘယ်လိုကြီးမားတဲ့ အပြစ်တွေလုပ်ထားလို့ ဒီလောက်ရိုက်နှက်ခံရတာလဲ ကိုယ်သူတို့ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး..အစကသည်းငယ်ရဲ့မိသားစုမလို့ လွှတ်ထားပေးတာ..လွှတ်ထားပေးတော့ရောင့်တက်လာကြတယ်..ထွဋ်မင်းနောင်ရဲ့ အသည်းအသက်ကိုထိရင် ဘယ်လိုခံစားရမလဲဆိုတာ ပြပေးရမှာပေါ့...

"ဘော့စ်.."

"ဦးဝင်း သည်းငယ်က ဘယ်လိုအခြေအနေရှိလဲ"

"ကလေးက ကြောက်တာရော လန့်တာရောပေါင်းပြီး မေ့လဲသွားတာ..စိုးရိမ်စရာတော့မရှိတော့ပါဘူး...မကြာခင်သက်သာလာမှာပါ..ကျွန်တော်အနာသက်သာအောင် ဆေးထိုးပေးထားပါတယ် ... ပီးတော့ ဒါကအကိုက်အခဲပျောက်ဆေး သတိရလာရင်နာတာတွေကိုက်တာတွေ ဖြစ်လာနိုင်တာမလို့ ဒီဆေးတိုက်ပေးပါ..ပြီးတော့  အမာရွတ်ပျောက်ဆေးလဲ ပေးခဲ့ပါ့မယ်..""

"ဟုတ်ကဲ့ .. အားနာနာနဲ့ပဲအကူအညီတောင်းပါရစေ..သည်းငယ်နားမှာ ခနနေပေးပါ..ကျွန်တော်ရှင်းစရာလေးတွေရှိသေးလို့..အပြင်မှာတော့ သက်တော်စောင့်တွေထားခဲ့မှာပါ.."

"ရပါတယ်..ကျွန်တော်တစ်ခုလောက်တော့ ပြောလို့ရမလား..ခြေလွန်လက်လွန်တော့မဖြစ်ပါစေနဲ့ ဘော့စ်"

မောင့်သည်းငယ်Where stories live. Discover now