စဉ်းစားနေတာ အစည်းအဝေးကအဲ့လောက်ကြာဖို့လိုလို့လား နေ့လည်တောင်ရောက်နေပြီ..နေ့လည်စာကမစားကြတော့ဘူးလား...လွန်းလွန်းငယ်စိတ်ထဲမရိုးမရွဖြစ်လာသည်...အကိုမိုက်ရှိနေတာသိပေမယ့်လည်း...မိန်းခလေးရှိနေလို့ကို စိတ်ကအဆင်မပြေတာ..အကိုမိုက်ကလည်းသူ့ဘော့စ်ပြောတာဆို လွန်ဆန်နိုင်မှာတဲ့လား...ဟိုကတိတ်ဆိုတိတ်နေရတာကို..နေအုံး သွားကြည့်အုံးမယ်...
:
:
ထွဋ်မင်းနောင် တံခါးဝကိုအကြည့်ပို့မိတော့..သည်းငယ်ရယ်လေ ခေါင်းေလးပြူတစ်ပြူတစ်နဲ့ လာချောင်းနေတယ်...တကယ်ဆို ချောင်းစရာမှမလိုတာ ဒါကသူ့အိမ် သူဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတာပဲကို...ထွဋ်မင်းနောင်..မိုက် ကို ခေါင်းဆတ်ပြလိုက်တော့ မိုက်ကချက်ချင်းပင် စာကြည့်တံခါးကို သွားပိတ်လိုက်သည်...ဒါကသည်းငယ်ကိုစမ်းသပ်ခြင်းတစ်မျိုးပင်..
:
:
အောင်မာ..အောင်မာ ငါ့ကိုများ တံခါးတောင်ပိတ်လိုက်သေးတယ်...လွန်းလွန်းငယ်ကို ဒါမျိုးလုပ်လို့ရမယ်တဲ့လား..လွန်းလွန်းငယ် တံခါးကို ဝုန်းကနဲမြည်အောင်စောင့်ဖွင့်လိုက်သည်...စကားကိုလည်းအချိုသာဆုံး ချွဲနွဲ့ကာ...
'မောင်' ဆိုပြီး ထွဋ်မင်းနောင်ပေါင်ပေါ်တက်ထိုင်လေသည်..ထွဋ်မင်းနောင်လည်း ရယ်ချင်စိတ်ကို ထိန်းကာ..ပြန်ထူးလိုက်သည်..'ဗျာ'
ဟွန့်..ခုမှ ဗျာလေးဘာလေးနဲ့..ခုနတံခါးပိတ်ခိုင်းတာ သူမဟုတ်တဲ့အတိုင်းပဲ...
'သည်းငယ်...ဗိုက်ဆာပြီ...မောင်ကဘာလို့အဲ့လောက်ကြာနေရတာလဲ'
'ဟင်..သည်းငယ်ဗိုက်ဆာနေပြီလား မောင်ကအလုပ်ထဲစိတ်ရောက်နေတော့ မေ့သွားတာ...ကဲ သည်းငယ် ဘာစားချင်လည်း ပြော'
'အမ်းးး..ပီဇာ ပီဇာစားချင်တယ် cheese pizza နော်..'
'ထမင်းလေးစားပါ့လား သည်းငယ်ရယ်..မောင် ချက်ကျွေးမယ်လေ နော်..
'ဟင့်အင်း...ပီဇာဘဲစားချင်တာ..ပီဇာမဟုတ်ရင် ဒီနေ့ ဘာမှမစားဘူး'
နှုတ်ခမ်းတထော်ထော်နဲ့ ပြောနေတာက တကယ့်အသဲယားစရာပါဗျာ..
'ဟုတ်ပါပီ..မစားဘဲတော့မနေပါနဲ့..ပီဇာပဲဝယ်လိုက်မယ်နော်'
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...