မှောင်မည်းတိတ်ဆိတ်နေတဲ့အခန်းထဲမှာ လွန်းလွန်းငယ်ရဲ့ အသက်ရှုသံ မျှင်မျှင်လေးကိုသာ ကြားရသည်.... ခန္ဓာကိုယ်လေးမှာလည်း ကြောက်လွန်းလို့ တုန်ယင်နေရှာသည်...
"ကျွီ.."
တံခါးဖွင့်သံကြောင့် လွန်းလွန်းငယ်ခေါင်းလေး မတ်ခနဲဖြစ်သွားသည်...မျက်လုံးနှစ်ဖက်ကို စည်းထားတာကြောင့် မမြင်နိုင်..အသံလာရာကိုသာ နားစွင့်နေရသည်....
"ဘယ်သူလဲ"
ခြေသံမှာ သူနဲ့တဖြည်းဖြည်းနီးရာကိုရောက်လာသည်..ခြေသံနီးလာလေလေ လွန်းလွန်းငယ်မှာနောက်ဆုတ်လေ...နောက်ဆုံးဆုတ်စရာမြေမရှိတော့..အနောက်မှာ နံရံတစ်ခုသာ ခံနေသည်....
"ဘယ်သူလဲလို့..ကျွန်တော်မေးနေတယ်လေ.."
အသံမှာကြောက်လွန်းလို့ တုန်နေသည်...
"ဘယ်လိုလဲ...ကြောက်နေပြီလား အပျက်ကောင်လေးရဲ့"
"မလေးခင်လား...မလေးခင် ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ကိုပြန်လွှတ်ပေးပါ.."
"နင့်ကိုလွှတ်ပေးဖို့ ခေါ်လာတာမှမဟုတ်တာ..."
"ကျွန်တော်တောင်းပန်ပါတယ်..ပြီးတော့..ပြီးတော့ ကျွန်တော်ပျောက်သွားတာကိုသိပြီး မောင်က..မောင်က စိတ်ပူနေလောက်ပြီ...ကျွန်တော်ဒီလို ရှိခိုးပြီးတောင်းပန်ပါတယ်"
ပြောလည်းပြော လွန်းလွန်းငယ်မှာ မလေးခင်ရှိရာဘက်ကိုမှန်းပြီး ရှိခိုးနေလေသည်...
ဒီလိုပုံစံကို တခြားသူများမြင်လျှင် စိတ်မကောင်းဖြစ်နေပေမယ့်..သူမစိတ်ထဲတွင်တော့ လွန်းလွန်းငယ်ကို မနာလိုခြင်းတွေသာ ကြီးစိုးနေသည်...
"အဟက်..အဟား..ဟား..ဟား...နင့်ရဲ့ဒီလိုပုံစံကိုသာ နင့်ရဲ့ချစ်လှစွာသော ယောကျာ်းမြင်ရင်တော့ ရင်ကွဲမှာသေချာတယ်"
"ဟင့်အင်း..ကျွန်တော့်ကို ဒီလိုပုံစံနဲ့ မောင် မြင်သွားရင် မောင်က ခင်များကို သတ်ပစ်မှာ.."
မလေးခင်မှာလွန်းလွန်းငယ်ရဲ့ ထိုစကားကိုကြားပြီး ဒေါသထွက်ကာ..
"ဒီလောက်ဖြစ်နေတာတောင် လေကြီးလေကျယ်ကပြောနေသေးတယ်..ဟေ့ ဒီကိုလာကြစမ်း..ဒီကောင့်ကို မင်းတို့ကြိုက်တာလုပ်လို့ရတယ်..."
YOU ARE READING
မောင့်သည်းငယ်
Fanfictionသည်းငယ်ကမောင့်အတွက် မရှိမဖြစ်ပဲ သည်းငယ်သာမောင့်ကိုထားခဲ့ရင် မောင်သေမှာ~~~ ထွဋ်မင်းနောင် မောင်ကသည်းငယ်ကို အတင်းသိမ်းပိုက်ထားပေမယ့် မောင့်ကို ဘယ်အချိန်ကတည်းကချစ်မိသွားမှန်းမသိဘူး~~~ ...