Part - 3

9.7K 674 52
                                    

နေရောင်တွေ မရှိသော်လည်း ကောင်ငယ်လေးလွင်ဟာ ကြည်ကြည်လင်လင်ပင် နိုးထလာခဲ့သည်။ နံရံမှာချိတ်ထားသောပြက္ခဒိန်ကိုကြည့်ပြီး အသာအယာပြုံးလိုက်သည်။ ဒီနေ့သည် ၇လပိုင်း ၊ ၂၃ရက်နေ့ဖြစ်သည်။တနည်းအားဖြင့်ဆိုရ​သော် လွင်၏ ၁၂နှစ်ပြည့်မွေးနေ့ဖြစ်သည်။

တစ်နှစ်ပတ်လုံးမှာ အပျော်ဆုံးနေ့ဟုဆိုလျှင် လွင်၏မွေးနေ့ဟုဆိုရမည်။ဖွားမြိုင်သည် မမအုန်းတို့အား လွင်ကြိုက်သည့် ငါးဖယ်ဟင်းကို ချက်စေသည်။ ဖေဖေ၊မေမေ၊ကိုကိုနှင့်အတူ မိသားစုထမင်းလက်ဆုံစားရသည်။ ဖေဖေ၊မေမေတို့က လွင်အား မဆူပူသည့်နေ့ဆိုလည်း မမှားပေ။

ခေါင်းမိုးပေါ်ကျနေသည့် မိုးပေါက်သံများကို တပေါက်ပေါက် ကြားနေရသည်။ပြတင်းပေါက်ကို ဖွင့်လိုက်တော့လွင့်မျက်နှာကို မိုးဖွားလေးတွေလာစင်သည်။ အေးမြလန်းဆန်းသွားသလို ခံစားရသည်။လက်ကလေးကို ပြတင်းပေါက်အပြင်ထုတ်ကာ မိုးစက်လေးတွေ၏အေးမြမြအထိအတွေ့ကို ခံစားစေသည်။

မိုးရာသီမှာမွေးသည့်လွင်သည် မိုးရွာတာကို သိပ်သဘောကျသည်။မိုးစက်လေးတွေကို သိပ်ချစ်သည်။ ငယ်ငယ်က မိုးရွာလျှင် မိုးရေထဲမှာ ကိုကိုနှင့်အတူ ဆော့ကစားခဲ့တာတွေကို ပြန်သတိရမိသည်။ပြန်တမ်းတမိသည်။သိပ်ကို ပျော်ဖို့ကောင်းခဲ့သည်။

ကိုကိုသည် အခုချိန်အထိ လွင်ကို လာ၍မနှိုးသေးပေ။ နေ့စဥ် လွင်အားလာနှိုးသည့် ကိုကိုသည် နှစ်စဥ်တိုင်း လွင်အား ပထမဦးဆုံးမွေးနေ့ဆုတောင်းပေးသူလည်း​ဖြစ်သည်။

ကိုကိုအလာကို လွင်မစောင့်နိုင်တော့တာကြောင့် ကိုကို့ဆီကို အိပ်မှုန်စုံမွှားဖြင့်သွားလိုက်သည်။ ကိုကို့အခန်းသည် ရှင်းလင်းနေသည်။ အခန်းထောင့်တွင်ခရီးဆောင်အိတ်နှစ်လုံးကို ကပ်ထားသည်။

ကိုကိုသည် ကုလားထိုင်ခုံပေါ်တွင်ထိုင်နေလျက်ပင် ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ကာ လွင်အား ကြည်ကြည်လင်လင်ပြုံးပြလာသည်။

" နိုးလာပြီလား လွင် "

လွင်အသာခေါင်းငြိမ့်လိုက်ပြီး ကိုကို့အနားကို တဖြည်းဖြည်းသွားလိုက်သည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now