Part - 7

8.4K 596 30
                                    

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် နှစ်လအလို။

ဒီလိုအချိန်မှာ ဆယ်တန်းကျောင်းသား၊ကျောင်းသူတွေဆိုတာ အားလုံးရဲ့ဦးစားပေးနံပါတ်တစ်မှာ ရှိနေကြသည်။

နာမည်ကြီးဘော်ဒါဆောင်များမှာ ဆရာ၊ဆရာမများရဲ့ဂရုစိုက်မှုတွေနဲ့အတူကြိုးစားနေကြတဲ့ကျောင်းသား၊ကျောင်းသူတွေ။
အသင်အပြကောင်းသည့်ဆရာများကိုဘာသာရပ်အလိုက်အိမ်ကိုခေါ်သင်ကာကြိုးစားနေကြတဲ့ကျောင်းသား၊ကျောင်းသူတွေ။
တနိုင်တပိုင်ကျူရှင်လေးပြေးလွှားတက်ကာ ကြိုးစားနေကြတဲ့ကျောင်းသား၊ကျောင်းသူတွေ။

သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ အားရှိစေမဲ့အစားအစာတွေ မမောမပန်းရှာဖွေချက်ပြုတ်ကျွေးမှုတွေ၊ဘေးအန္တရာယ်ကင်းရှင်းအောင်ဆုတောင်းရွတ်ဖတ်သံတွေဟာ နေ့နေ့ညညကြားနေရသည်။

မှိန်ပြပြအလင်းရောင်အောက် စာကျက်နေတဲ့သားငယ်ကို ခြင်ကိုက်မှာစိုးလို့အိပ်ချင်နေသည်ကို မအိပ်ဘဲ ယပ်ခတ်ပေးနေတဲ့ အမေ။

သမီးလေး အားရှိရန် စွပ်ပြုတ်တိုက်ဖို့အတွက် မနက်အစောကြီးထ ကိုယ်တိုင်ဈေးခြင်းတောင်းကိုဆွဲကာ ဈေးသွားပြီးကိုယ်တိုင်ချက်ပြုတ်ပေးတဲ့အဖေ။

မိဘတွေက အရိပ်တကြည့်ကြည့်ဖြင့် လိုအပ်တာမှန်သမျှ အစွမ်းကုန်ဖြည့်ဆည်းပေး​ကြသည့်အချိန်။

လွင်....။လွင် သည်လည်း ဆယ်တန်းကျောင်းသားပင်။ လွင်ရော ဘာတွေလုပ်နေသလဲ။

.

" အရမ်းအရေးကြီးတဲ့အချိန်မလား မသီ... ကျွန်မတော့ သမီးကိုပဲ နံပါတ်တစ်မှာ ထားထားတယ် ... ဘာဖြစ်ရမယ်၊ညာဖြစ်ရမယ်တော့ ဖိအားမပေးပါဘူး...သမီးစွမ်းသလောက်ပေါ့...ကိုယ်ကမိဘဆိုတော့ ကိုယ့်ဘက်ကတော့အကောင်းဆုံးပံ့ပိုးပေးရမှာပဲလေ "

အိမ်အောက်ထပ်က စကားသံတွေကို လွင် ကြားနေရသည်။မေမေ့မိတ်ဆွေရောက်နေတယ်ထင်ပါသည်။မေမေ့အသံကိုတော့ လွင် မကြားရပေ။

" ဒါနဲ့ မသီသားငယ်လေးရော ဆယ်တန်းပဲမလား "

အမှုမဲ့အမှတ်မဲ့နေနေပေမဲ့ လွင့်အကြောင်းပါလာသည်မလို့ မသိမသာနားစွင့်လိုက်မိသည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now