Part - 19

7.8K 531 51
                                    

" ဒီနေရာ ဟုတ်ပါတယ် "

လူတစ်​ယောက်မှ မရှိတဲ့ပြဇာတ်ရုံထဲ အူလည်လည်နဲ့ နှစ်​ယောက်သားကြောင်တောင်တောင်။ လွင့်မျက်နှာကိုမျက်ထောင့်လေးကနေ ချောင်းကြည့်တာတောင် အင်မတန်တည်တင်းနေပြီဖြစ်သည်။မလိုက်ချင်တဲ့သူကို အတင်းခေါ်လာတာကြောင့် တည့်တည့်မကြည့်ရဲပေ။

" ဘယ်နားမှာလဲ မသိဘူး "

လက်မှတ်နှစ်စောင်ကို ကိုင်ရင်း တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့သူ့ကို  လွင်က စိတ်ပျက်စွာကြည့်လာသည်။

" ပြန်မယ် "

ရှင်းသန့်ဦးက အမြဲစိတ်ရှုပ်စရာပင်။

ခြေလှမ်းကျဲတွေနဲ့ ပြဇာတ်ရုံထဲကထွက်လိုက်ချိန်မှာ တစ်စုံတစ်ဦးနဲ့ဝင်တိုက်မိသည်။

" သေပါပြီ "

တဖက်က အမျိုးသမီးတစ်ဦးဖြစ်ပြီး မြန်မာစကားသံထွက်လာသည်။
လွတ်လပ်ပေါ့ပါးဟန်ရှိသည့်ထိုအမျိုးသမီးကို သူ ရင်းရင်းနှီးနှီးမြင်ဖူးသည်။သိပ်ကို ရင်းရင်းနှီးနှီး။

သူဘာစကားမှမပြောဘဲ ရပ်နေမိသလို ထိုအမျိုးသမီးကလည်း စကားတစ်ခွန်းမဆိုဘဲ သူ့အားစိုက်ကြည့်နေသည်။

ပုံမှန်ဒီလိုအချိန်မှာ ရှင်းသန့်ဦးရဲ့အသံတဆာဆာကို ကြားနေရမှာ ၊ရှင်းသန့်ဦးဘာလုပ်နေသလဲ။

ချိုမြိန်ရီဝေနေသောအကြည့်တွေနဲ့ ထိုအမျိုးသမီးထံ ပျော်ဝင်နေပုံများ သတိလက်လွှတ်ပင်။နှုတ်ခမ်း​တွေက ဝေဝေဆာဆာပြုံးလို့။

" Sorry "

ထိုအမျိုးသမီးက လွင့်အားကြည့်ကာပြောတော့ ရှင်းသန့်ဦးက ကြားထဲကနေ

" ရပါတယ်ခဗျ " ဟု ရယ်ကျဲကျဲဝင်ပြောသည်။

" မြန်မာတွေပဲ "

ထိုအမျိုးသမီးက လွင့်အား သိပုံမပေါ်ပေ။ ဘယ်သိလိမ့်မလဲ။ လွင်ကသာ ဓာတ်ပုံထဲမှာ မြင်ဖူးခဲ့တာမဟုတ်လား။

" ဟုတ်တယ်ဗျ ... တောင်းပန်ပါတယ်ဗျ .. ကျွန်တော့်သူငယ်ချင်းက မမြင်လိုက်လို့ "

" အဟင်း "

ထိုအမျိုးသမီးရယ်လိုက်တဲ့ပုံစံက တစ်ဦးတစ်ဦးအတိုင်းပင်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now