" ဂျိန်း.....ဂျိန်းးး..."
ညနက်သန်းခေါင်အချိန်ရောက်ကာမှ မိုးက ၍ပို၍သည်းထန်လာသည်။လျှပ်စီးအလင်းများက တဖျတ်ဖျတ်နှင့်။ မိုးထစ်ချုန်းသံများက တဂျိန်းဂျိန်း။
လေတွေက တဝုန်းဝုန်းနဲ့တိုက်ခတ်နေတာကြောင့် သစ်ပင်များပင်ယမ်းထိုးလို့။သစ်ကိုင်းများ ကျိုးကျသံ၊သစ်ခက်များ ပွတ်တိုက်သံတွေလည်း တရှဲရှဲ၊တဂျောက်ဂျောက်။" လွင့်ကို ကိုကိုမုန်းတယ် လွင့်ကြောင့် ကိုကိုသေရတာ ကိုကို့ရဲ့ကိုယ်ပိုင်ဘဝလေးရတော့မဲ့အချိန်မှာ လွင့်ကြောင့် လွင့်ကြောင့် .. မင်းကြောင့်! ငါသေရတာလွင် မင်းကိုမုန်းတယ် အရမ်းမုန်းတယ် "
စူးရဲနေသောအကြည့်တွေနှင့် ဒေါသတကြီးအော်ဟစ်နေသော ကိုကိုဟာ သိပ်ကိုကြောက်စရာကောင်းသည်။ဒီလိုမျိုးကိုကိုဒေါသထွက်သည်ကို လွင် တစ်ခါမှမမြင်ဖူးတာကြောင့် ထိတ်လန့်ကာ ကြောက်နေမိသည်။
" ငါ မင်းကို အရမ်းမုန်းတာပဲ လွင် ! "
ဂျိန်းးးး...။
ကျယ်လောင်သောမိုးထစ်ချုန်းသံကိုတောင် ကိုကို့ရဲ့အော်ဟစ်သံကဖုံးလွှမ်းလုနီးပါး။ကိုကို့စကားတွေက လွင့်ရင်ဘတ်ကို တစစီကြေမွစေသည်။ တဆစ်ဆစ်နဲ့နာကျင်ကာ မွန်းကျပ်လွန်းလှသည်။မိုးရေထဲမှာ လှဲလျောင်းနေတဲ့ကိုကိုက လွင့်ကို နာကြည်းနေပုံရသည်။
" တောက်! ဘာမှသုံးစားမရတဲ့ကောင် ဘယ်နေရာမှာမှ အသုံးမကျဘူး မင်းကိုမွေးထားရတာရှက်တယ်ကွ သွား ငါ့အိမ်ပေါ်ကအခုဆင်း အခုဆင်း"
" ငါ့ဗိုက်ထဲကထွက်လာတာကိုအံ့သြတယ် နင့်လိုကလေးမျိုး မွေးခဲ့မိတာရင်နာလိုက်တာ မိဘဂုဏ်သိက္ခာကိုချတဲ့ကောင် အမေလို့မခေါ်နဲ့ သွားစမ်း ဝေးဝေး သွား "
ဖေဖေနဲ့မေမေက လွင့်ကို တစ်ကြိမ်တစ်ခါလေးတောင်မှမချစ်ခဲ့ဖူးပေ။ နံရံထောင့်မှာကုပ်ကုပ်လေးကပ်နေတဲ့လွင်ဟာ ဖေဖေမေမေတို့ စကားတွေကြောင့်တုန်ရီလို့ပင်။ ဒူးလေးကိုတင်းတင်းပိုက်ပြီး သိမ်ငယ်နေတဲ့မျက်လုံးမှိန်မှိန်တွေက အားကိုးရာကိုရှာဖွေနေမိသည်။