Part - 8

8.4K 587 43
                                    

ထို​နေ့က လွင့်ဘဝရဲ့ ပထမဦးဆုံးအကြိမ် ဖေဖေမေမေတို့ကို ယုံကြည်မှုရှိရှိနဲ့ စကားပြောခဲ့​သည့်​နေ့။ လွင် သိပ်ကို ခိုင်မာနေခဲ့သည်။ လွင်ကြိုးစားကြည့်မယ်လို့ပြောတော့ ဖေဖေနဲ့မေမေက တဒင်္ဂတွေဝေလျက်။ လွင် နားလည်ပါတယ်။ လွင့်ကိုယုံကြည်ဖို့ခက်ခဲတယ်ဆိုတာ လွင်လက်မခံချင်လည်း လက်ခံရမှာပဲမဟုတ်လား။

ဒါပေမဲ့လေ လွင်လည်း ကိုကို့လို
ဖေဖေ၊မေမေတို့ ဂုဏ်မငယ်အောင်ကြိုးစားချင်ပါသည်။ ဒါဆို လွင့်ကိုဖေဖေနဲ့မေမေက ချစ်လာမှာမလား။ နွေးနွေးထွေးထွေးစကားတွေပြောပြီး လွင့်ကို ဂရုစိုက်လာကြမှာမလား။လွင်အချစ်ခံချင်ပါသည်။ ဂရုစိုက်ခံချင်ပါသည်။ ရင်ဘတ်​သေး​သေးလေးထဲက ​တောင်းတမိတဲ့မျှော်လင့်ချက်တွေကြောင့် လွင် လက်မလျှော့ဘဲ အခိုင်အမာတောင်းဆိုတော့ ဖေဖေနဲ့မေမေက ခက်ခက်ခဲခဲဖြင့် အခွင့်အရေးတကြိမ်ပေးခဲ့သည်။ တစ်ကြိမ်သာလျှင်...။

ဖေဖေနဲ့မေမေက အ​ကောင်းဆုံးပံ့ပိုး​ပေးမှာမလို့ အကောင်းဆုံးရလဒ်သာလိုချင်သည်ဟုဆိုသည်။ လွင့်ဘက်ကလည်း အကောင်းဆုံးကြိုးစားမယ်လို့ကတိပေးထားသည်။

​ဖေ​ဖေနဲ့​မေ​မေက ပြောထားတဲ့အတိုင်း အကောင်းဆုံးဆရာတွေကို ငှားပေးထားသည်။ အခုဆို အပေါ်ထပ်ရဲ့အစွန်ဆုံးအခန်းကလေးဆီကနေ စာကျက်သံတွေလည်း သဲ့သဲ့ကြားနေရပြီဖြစ်သည်။ လွင်စာကျက်လျှင် ဘေးအိမ်က ရေဒီယိုသံဟာ ချက်ချင်းပင် ပိတ်သွားတတ်သည်။

မမအုန်းက အဆာပြေမုန့်တစ်မျိုးပြီးတစ်မျိုးလုပ်ကာ လာပို့ပေးတတ်သည်။ မေမေက ပို့ခိုင်းတယ်ဟုဆိုသည်။ တစ်ခါတလေ ဖေဖေက လွင့်အခန်းဆီလာပြီးချောင်းကြည့်နေတတ်သည်။ဒီအ​​ဖြစ်​​လေးတွေကို လွင်သဘောကျမိသည်။

လွင်ဟာ အခုမှ လူ့ဘဝရဲ့အရသာကိုခံစားနေရသလိုပင်။ ကိုကိုနဲ့ဖွားမြိုင် လွင့်ကို ကြည့်နေရဲ့လားဟင်။အခုဆို လွင်လေ... ပြုံးတတ်နေပြီ။

ဒီနေ့ တနင်္ဂနွေနေ့။ဦးက တနင်္ဂ​နွေနေ့ဆိုအိမ်မှာရှိတတ်သည်။လွင် ပြတင်းပေါက်ကိုဖွင့်ကာ တဖက်ကမ်းဆီ ချောင်းကြည့်တော့ ဦးကိုမတွေ့။ ဝရန်တာကို ထွက်ကာကြည့်တော့ ထုံးစံမပျက် အပွင့်​တွေလွှမ်း​ခြုံထားတဲ့​စက္ကူပင်အောက်မှာ စာဖတ်နေသည်။ စက္ကူပန်းတွေက ဝေနေလိုက်တာ။ဦးရှိတဲ့အရပ်မှာ ပျော်နေကြပုံပဲ။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now