Part - 23

9.3K 593 64
                                    

" ဒီမနက် ကိုယ့်အခန်းထဲကို စက္ကူလေယာဥ်လေး ပျံသန်းလာခဲ့တယ် ... လက်ခံရရှိပြီးတာနဲ့ လွင့်ဆီ အပြေးလာခဲ့ပေမဲ့ လွင်ထွက်သွားပြီတဲ့ .... မိုးတွေက သိပ်သည်းနေခဲ့တယ် လွင် ... အလွမ်းတွေရဲ့ သိပ်သည်းဆက ပိုနေခဲ့တယ်...ကိုယ်တို့တွေစပြီး တွေ့ဆုံခဲ့ချိန်တုန်းကလည်း မိုးစက်တွေက ဒေါသတကြီးကြွေနေခဲ့တယ်နော်... လွင်မှတ်မိတယ်မဟုတ်လား... လမ်းလယ်ခေါင်မှာ မျက်လုံးစုံမှိတ်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းပြီး မိုးရေတွေစိုနေတဲ့ရှစ်တန်း​ကျောင်းသား​လေးလွင့်ကို သိပ်စိုးရိမ်ခဲ့မိတာပေါ့ ... မိုးရာသီက ကိုယ်တို့နှစ်ဦးကို ဆုံစေခဲ့ပြီး ခွဲပြန်တာပဲ... လွင့်ရဲ့ခရီးစဥ်လေး ဖြောင့်ဖြူးပါစေ။ "

၂ ရက် ၊ ၇ လ ၊ ၂၀၁၄ ခုနှစ်။ ( ၁ ရက်မြောက် ။ )

အညိုရောင်စာအိတ်လေးပေါ် ရက်စွဲရေးလိုက်ပြီး ထိုစာအိတ်​လေးကို ထန်းခေါက်ဖာလေးထဲ ထည့်သိမ်းလိုက်သည်။

" ဒီမနက် ပြတင်းပေါက်ဖွင့်လိုက်တော့ အပြင်ဘက်မှာ မြူလေးတွေဆိုင်းနေတယ် လွင်... ဒီနေ့လည်း ပိတ်ထားတဲ့ပြတင်းပေါက်လေးကို ကြည့်ပြီး ကိုယ့်အလွမ်းတွေ ဆိုင်းနေခဲ့တယ်...လွင်မှတ်မိလား...ဒီအိမ်လေးကို ကိုယ်ပြောင်းလာခဲ့တာ ဒီလိုအချိန်ဆောင်းရာသီလေးမှာပေါ့ ... ကိုယ့်ဆီကို သီးစုံဟင်းလေးလာပို့တဲ့ ဆယ်တန်းကျောင်းသားလေးလွင်က သိပ်ကိုချစ်ဖို့ကောင်းနေခဲ့တယ်...လွင်က အမြဲတမ်းကိုယ့်ကို အရင်ချည်းကပ်ခဲ့တယ်လို့ လွင် တွေးနေမလား... မဟုတ်ဘူး လွင်.. ကိုယ်ကလွင့်ကို အရင်ချည်းကပ်ခဲ့တာချည်းပါပဲ။"

၂၇ ရက် ၊ ၁၂ လ ၊ ၂၀၁၄ ခုနှစ်။ ( ၁၇၈ ရက်မြောက် ။ )

" မေမေက ကိုယ်နဲ့အတူ လာနေနေပြီ လွင်...လွင်လည်း အခုလိုပဲ ဖြစ်စေချင်ခဲ့တာမဟုတ်လား...နှစ်လတစ်ခါ၊သုံးလတစ်ခါတော့ သူ့ခြံတွေကို စိတ်မချလို့ပြန်တယ်...မေမေက လွင့်ကို သိပ်သတိရကြောင်း နေ့တိုင်းပြောတယ်...လွင်ပြန်လာရင် တောင်ငူမှာ အကြာကြီးခေါ်ထားပစ်ဦးမယ်တဲ့...မေမေတို့ လွင့်ကိုလွမ်းတယ်ဆိုတာ ကိုယ့်အလွမ်း​တွေရဲ့အမှုန်အမွှားလေးတောင် မရှိပါဘူး လွင်။ "

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now