အပိုင်း ၇
Unicode
"ဟိုလေ အဲ့တာက..."
"အင်း ဆက်ပြောလေ"
"ဟင့်အင်း ယွန်းပြောရင်ကိုကိုစိတ်ဆိုးမှာ"
"ဟမ် မဆိုးပါဘူး ၊ ဘာအကြောင်းမို့လို့လဲ"
"ဟို.."
"ကိုယ်ကစိတ်မဆိုးတက်ပေမဲ့စိတ်တော့မရှည်ဘူးနော်ယွန်း"
"ဟိုဟာ အဲ့တာကဒီလို ၊ ယွန်းတို့သွားတဲ့ကိုရီးယားအစားစာဆိုင်မှတ်မိလား"
"အင်း အဲ့တာဘာဖြစ်လဲ"
"အဲ့ဆိုင်ကောင်တာကမမက ၊ ဟို..ကိုကိုနဲ့ယွန်းကိုရည်း...ရည်းစားတွေလို့ထင်နေတာ"
သြရမျက်ခုံးပင့်မိသွားသည် ၊ ဒါကြောင့်အဲ့နေ့ကဆိုင်ကလူတွေအကြည့်ကသူတို့ဆီရောက်နေကြတာလား။
"ယွန်းပြောသားဘဲ ၊ ကိုကိုစိတ်ဆိုးမှာပါဆို.."
"မဆိုးပါဘူး ၊ ဆက်ပြော"
"အွန်း အဲ့တာဒီနေ့သွန်းရယ်နှိုင်းရယ်နဲ့အဲ့ဆိုင်သွားတာ ၊ ကောင်တာကအမကညီမကောင်လေးရောလို့မေးနေတာကြားပြီးနှိုင်းကဒေါသထွက်နေတာ ၊ ဆိုင်မှာတော့ဘာမှမဖြစ်ခဲ့ပေမဲ့လမ်းမှာကျနှိုင်းကဒေါသထွက်ပြီးအဲ့ကောင်ကဘယ်သူလဲဘာညာမေးရင်းအခုလိုတွေဖြစ်သွားတာ"
"အော် ဒါဆိုအခုအကုန်လုံးကကိုယ့်ကိုမင်းကောင်လေးလို့ထင်နေကြတယ်ဆိုပါတော့"
သူပြောလိုက်တော့စတော်ဘယ်ရီသီးလေးလို့မျက်နှာတွေရဲလာတဲ့ကောင်မလေးကိုကြည့်ရင်းသြရပြုံးမိလိုက်တာသူကိုယ်တိုင်တောင်သတိမထားမိလိုက်.....။
"ဟို ယွန်းကတမင်ရည်ရွယ်တာမဟုတ်ပါဘူး ၊ ကိုကို့ကိုယွန်းတောင်းပန်ပါတယ် ၊ ယွန်းကိုစိတ်မဆိုးပါနဲ့နော်"
"မဆိုးပါဘူးယွန်းရဲ့ ၊ ဒါဆိုဟိုကောင်ကရောအဲ့လိုထင်သွားတာလား"
"နှိုင်းကလား"
"အင်း"
"အဲ့တာတော့ယွန်းလဲမသိဘူး"
"ဒါဆိုမင်းဘယ်လိုလုပ်မလဲ ၊ သူကမင်းကိုချစ်နေတာလေမင်းကရောသူ့ကို..."
DU LIEST GERADE
Unequal Love (မညီမျှသောချစ်ခြင်း)
RomantikMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ