အပိုင်း ၄၅ (ဇာတ်သိမ်းပိုင်း)
Unicode
မနက်ထဲကယွန်းမေမေ့ဆီကိုကလေးတွေနဲ့လာနေတာအခုဆိုနေ့လည်တောင်ရောက်နေပြီဖြစ်သည် ၊ ကလေးတွေကတော့ဆေးရုံဆိုတဲ့အတွက်ပျင်းနေကြပေမဲ့ယွန်းလဲပြန်လိုက်ပို့ဖို့ကမအားပေ ၊ သူကလဲမနက်ကလိုက်ပို့ပြီးခနဘဲနေကာဘယ်ထွက်သွားမှန်းမသိ။
"မြေးတွေပျင်းနေရင်ပြန်ပါလားသမီးရဲ့"
"ဖေဖေလဲရှိတာဘဲသမီးငယ်ရဲ့ ၊ စိတ်ချလက်ချသာပြန်"
"ခွန်းမွန်းလွန်းပြန်ချင်ကြပြီလား"
"မာမီ့သဘော"
"ဒါဆိုမပြန်ကြသေးနဲ့ဦး"
"မာမီကလဲ"
"ကဲပါသမီးရယ် ၊ ပြန်ချင်နေကြတာကိုလိုက်ပို့လိုက်ပါ"
"မပို့ပါဘူး ၊ ယွန်းသဘောလို့ပြောထားတာ ၊ နေကြဦး"
"ဟော ကလေးတွေနဲ့ပြိုင်ပြီး"
"ယွန်း"
ဘယ်ကပြန်လာလဲမသိမနက်ထဲကခုမှပေါ်လာသည်။
"ကိုယ်ဒီမှာကြေးအိုးဝယ်ခဲ့တယ် ၊ မေမေ့ကိုထည့်ပေးလိုက်ပါလား"
"မေမေသောက်မလား ၊ ယွန်းထည့်ရမလား"
"အင်း နည်းနည်းထည့်လိုက်သမီး"
"မေမေသက်သာလားဗျာ့ ၊ ဘာလိုသေးလဲ ကျွန်တော်ဘာဝယ်ပေးရမလဲ"
"မလိုတော့ပါဘူးသြရ"
"လိုအပ်တာရှိရင်ကျွန်တော့်ကိုချက်ချင်းပြောနော်မေမေ ၊ အားမနာနဲ့"
"အေးပါကွယ် ၊ ကျေးဇူးပါဘဲ"
"မေမေရပြီ"
"အေးအေး"
"ဖြေးဖြေးစားနော်မေမေ ၊ ပူနေသေးတယ်"
"ကြေးအိုးကဖေဖေ့အတွက်လဲပါတယ်နော် ၊ ယွန်းအတွက်ရောဘဲ"
"အင်း ပြန်တော့မှာလား"
"ပြန်ရတော့မှာလား"
"မသိဘူးလေ ရှင့်သဘော ၊ ရှင်ပြန်ရင်ကလေးတွေကိုပြန်ခေါ်သွားလိုက်ပါလား"
"ခေါ်သွားရမလား"
"အင်း ပျင်းနေကြပြီတဲ့ ၊ ကျွန်မကဒီမှာနေချင်သေးလို့"
VOCÊ ESTÁ LENDO
Unequal Love (မညီမျှသောချစ်ခြင်း)
RomanceMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ