Part 34

5.1K 105 6
                                    

အပိုင်း ၃၄

Unicode

"ယွန်းလေးမွေးပြီ ၊ မိန်းကလေးပါ ၊ ကျန်းမာပြီးခြေလက်အင်္ဂါအကုန်စုံပါတယ်"

"ဒါဆိုညီမလေးပေါ့"

"ဟုတ်ပါတယ်ရှင့်"

"ယွန်းလေးကရောသမီးနန်း"

"ယွန်းလေးကအရမ်းအားနည်းနေတယ် ၊ အခုခနတော့သတိမေ့နေလိမ့်မယ် ၊ သတိရတာနဲ့အားရှိတာတွေကျွေးမှဖြစ်မယ်အန်တီ"

"စိုးရိမ်စရာတော့မရှိဘူးမလားမ"

"သတိရတာနဲ့စိုးရိမ်စရာမလိုတော့ဘူး ၊ အဲ့တာလာပြောတာနန်းပြန်ဝင်လိုက်ဦးမယ် ၊ ခနနေအခန်းရွှေ့ပြီးရင်လာပြောခိုင်းလိုက်မယ်နော်။

သိပ်မကြာခင်nurseတယောက်ကထွက်လာ​ပြီးလမ်းပြပေးတာမို့အဲ့နောက်ကနေလိုက်လာခဲ့လိုက်ကြတယ်။

"အိုး ဖြူဖြူဖွေးဖွေးလေးပါလား"

"ဟုတ်ပါ့ ချစ်စရာလေး"

"ခွန်းကိုချီ"

"လာ ဒီမှာမြေးလေးရဲ့ညီမလေး"

"သေးသေးယေး"

"အင်း သေးသေး​လေးဘဲရှိသေးတာ"

"မာမီကရောမနိုးသေးဝူးယားဟင်"

"မာမီကပင်ပန်းသွားလို့အိပ်နေတာ"

"ဟုတ်"

မိုးမြေးမလေးကိုကြည့်လေသားဖြစ်သူကိုပိုစိတ်တိုရလေပါဘဲ ၊ သူသာမိသားစုကိုရွေးချယ်ခဲ့ရင်အခုချိန်တမိသားစုလုံးပျော်ရွှင်နေရမှာ ၊ အခုတော့ကိုယ့်သမီးကိုယ်တောင်မွေးမွေးခြင်းမှာမမြင်လိုက်ရ ၊ အဲ့တာထက်ကိုယ့်သမီးတယောက်လုံးလူ့လောကထဲရောက်လာတာတောင်သူ့မှာမသိလိုက်ပေ။

.........................................

ယွန်းဆေးရုံမှာသုံးရက်လောက်နေပြီးဆင်းလာတာဒီနေ့နဲ့ဆိုသမီးလေးတောင်ငါးရက်ရှိနေပြီပင် ၊ သို့ပေမဲ့အခုထိယွန်းမှာရက်သားအရွယ်သမီးလေးနဲ့အသားမကျသေး ၊ နေ့နဲ့ညမှားပြီးနေ့ဆိုအိပ်ညဆိုနိုးပြီးယွန်းအဖော်မလုပ်ပေးရင်ထငိုတာမို့ယွန်းလဲကောင်းကောင်းမအိပ်ရပေ ၊ သားကိုတောင်အိပ်​ရေးပျက်မှာဆိုးလို့မေမေတို့နဲ့အိပ်ခိုင်းနေရသည်။

Unequal Love (မညီမျှသောချစ်ခြင်း)Dove le storie prendono vita. Scoprilo ora