Part 3

5.7K 151 2
                                    

အပိုင်း ၃

Unicode

"ယွန်းအားပါတယ်အန်တီကြည်ရဲ့ ၊ ဘယ်တော့လာခဲ့ရမလဲဟင်"

"အခုအန်တီကြည်ကအိမ်မှာလိုတာလေးတွေရှိလို့လှည်းတန်းသွားမလို့ယွန်းငယ်အားရင်လိုက်ချင်လားကေသီရောဘဲ"

အားဟားးဂွင်ဘဲစုယွန်းဝသုန်ရေ ၊ အိမ်စောင့်လုပ်ရပေမဲ့မလုပ်ခင်အပြင်ထွက်ရတာနည်းလား ၊ ကံကောင်းလို့သာဒီလိုကြုံရတာ ၊ နေတက်ရင်ကျေနပ်စရာဘဲ အဟွန်း။

"ကေသီတော့မလိုက်တော့ပါဘူးမမကြည်ရယ် ၊ သမီးအဖေကညနေကျသူ့အလုပ်ကိုခနလာခဲ့ဖို့ခေါ်ထားလို့ ၊ သမီးနဲ့ဘဲသွားလိုက်မလားကေသီတကယ်မအားလို့ပါမမကြည်ရယ်"

"ရပါတယ်ကေသီရဲ့ ၊ ယွန်းငယ်သမီးလိုက်ချင်ရဲ့လား"

"ဟုတ် ယွန်းလိုက်ခဲ့ပေးပါ့မယ်အန်တီကြည် ၊ ဒါဆိုခနလေးနော်ယွန်းအင်္ကျီလေးသွားလဲလိုက်ဦးမယ်"

"ကေသီ သမီးယွန်းကိုစိတ်ချနော် ၊ သားသူငယ်ချင်းဆိုပြီးစိတ်မချဖြစ်မှာစိုးလို့ ၊ သားကယွန်းဆိုသူ့ညီမလေးဆိုပြီးမတရားချစ်တာကေသီလဲအသိဘဲ ၊ ယွန်းကိုမနှောင့်ယှက်ဖို့လဲသူပြောထားပါ့မယ်တဲ့"

"အို ရပါတယ်မမကြည်ရဲ့ ၊ သားနန္ဒတို့နဲ့သူငယ်ချင်းဆိုထဲကအဲ့ကလေးကမဆိုးလောက်ပါဘူး ၊ ပြီးတော့အိမ်ချင်းလဲကပ်ရပ်ဟာဘဲကို"

"ယွန်းပြီးပြီအန်တီကြည် ၊ သွားတော့မလား"

"အမလေး အင်္ကျီလေးဘဲလဲလာတာတောင်ယွန်းတို့ကလှနေရောနော် ၊ အမေတူလေး"

"ဟီး မေမေယွန်းကိုဘာမှာဦးမလဲ ၊ ဘာဝယ်ခဲ့ရမလဲဟင်"

"မမှာတော့ပါဘူးယွန်းရဲ့ ၊ အန်တီကြည့်ကိုသေချာအဖော်လုပ်ပေးလိုက်ဟုတ်ပြီလား"

"ဟုတ်မေမေ ၊ ဒါဆိုယွန်းသွားပြီ"

"ကြည်တို့သွားပြီနော်ကေသီရေ"

"ဟုတ်မမကြည်"

အမှန်တိုင်း​ပြောရရင်သမီးငယ်ကိုကေသီစိတ်မချပါ ၊ ကလေးစိတ်မကုန်သေးတဲ့အပြင်သားနန္ဒရဲ့သူငယ်ချင်းကဘယ်သူမှန်းလဲသေချာမသိတာမို့ပိုစိတ်မချပါ ၊ သို့ပေမဲ့အဖော်လုပ်ပေးစေချင်လို့အိမ်ထိလာပြောမှတော့မထည့်ပေးလို့လဲမကောင်းပြန် ဟင်းးး။

Unequal Love (မညီမျှသောချစ်ခြင်း)Donde viven las historias. Descúbrelo ahora