Part 38

5K 105 4
                                    

အပိုင်း ၃၈

Unicode

သြရတက်နိုင်သမျှနေ့ရောညပါမနားဘဲအလုပ်တွေဖိလုပ်လိုက်တာတလခွဲအတွင်းမှာဘဲအကုန်ပြီးသွားခဲ့တယ်။

"ဒယ်ဒီသားအလုပ်တွေပြီးပြီ"

"ငါ့လာမလိမ်နဲ့"

"တကယ်ပါဆို ဒီမှာထားခဲ့ပြီ ၊ ညနေလေယာဥ်နဲ့Parisထွက်မှာမို့အဝတ်တွေထည့်လိုက်ဦးမယ်"

သြရပြောပြီးတာနဲ့ထွက်လာလိုက်တယ် ၊ လူကအရမ်းပင်ပန်း​နေပေမဲ့ရောက်ချင်နေတဲ့အချိန်ကိုရောက်လာပြီမို့မနားနိုင်သေးပေ။

"လင်းခန့်"

"လာပြီboss"

"မင်းကိုငါအချိန်တွေပေးခဲ့တာကြာပြီ ၊ ယွန်းတို့ဘယ်မှာရှိလဲသိပြီလား"

"ဟို အဲ့တာမမလေးမိဘတွေဘဲသိတယ်တဲ့"

လင်းခန့်လဲမသိတော့တဲ့အဆုံးCEOတို့ဆီbossမသိအောင်သွားမေးလိုက်ရတော့တယ်။

"မင်းမာမီတို့ကိုသွားမေးလိုက်တာလား"

"ဟုတ်..ဟုတ်တယ်boss ၊ ကျွန်တော်လဲမသိတော့လို့ ဟဲဟဲ"

"မင်း ကျစ်! ၊ ညနေလေယာဥ်လက်မှတ်ဝယ်ထားလိုက်"

"ဟုတ်ကဲ့boss"

သြရလဲမာမီ့ဆီကိုထွက်လာလိုက်တယ် ၊ လင်းခန့်ကတကယ့်ကောင် သူ့ရှာခိုင်းပါတယ်ဆိုမှမာမီတို့ကိုသွားမေးတယ်တဲ့။

"မာမီ"

"ဆို"

"သားParisကိုလိုက်သွားတော့မယ်"

"Ok ယွန်းတို့ကိုပါအောင်ခေါ်လာခဲ့ ၊ မပါလာရင်မင်းနဲ့ငါစကားဆက်ပြောစရာအကြောင်းမရှိတော့ဘူး"

"ဟုတ်မာမီ ၊ သားယွန်းခွင့်လွှတ်တဲ့အထိတောင်းပန်မှာပါ"

"စကားနဲ့မပြောနဲ့လက်တွေ့သာပြ"

"သားလက်တွေ့ပြမှာပါ ၊ မာမီကဒီတခါတော့ယုံပေးနော်"

"ပြီးရောလေ"

ပြောစရာရှိတာပြောပြီးတဲ့ထိမသွားသေးတာမို့

"ဘာကိစ္စရှိသေးလို့လဲ ၊ အထုတ်သွားပြင်တော့လေ"

"ဟိုမာမီ.."

"ဘာဖြစ်ပြန်ပြီလဲ"

"ယွန်းတို့ဘယ်မှာနေလဲသားမသိဘူး"

Unequal Love (မညီမျှသောချစ်ခြင်း)Tempat cerita menjadi hidup. Temukan sekarang