Part 11

4.6K 104 9
                                    

အပိုင်း ၁၁

Unicode

"ယွန်း ကိုယ့်လက်ကိုချိတ်လိုက် ၊ ဧည့်သည်တွေဆီသွားရအောင်"

"ဟုတ်"

ယွန်းလဲသူပြောသလိုလက်ကိုလှမ်းချိတ်လိုက်ပြီးဧည့်သည်တွေကိုလိုက်ဧည့်ခံလိုက်တယ် ၊ မင်္ဂလာပွဲကနေ့လည်မှာလုပ်တာဖြစ်​ပြီးညနေပိုင်းလောက်မှာပြီးသွားသည်။

"ဖေ့သားကိုပြောမယ် ၊ သေချာနားထောင် ၊ ဖေ့ညီမလေးကိုဂရုစိုက်ကြားလား ၊ နှိပ်စက်ရင်ဖေ့သားနဲ့ဖေနဲ့တွေ့မယ်"

"ဒါတော့ဟုတ်တယ်နော်ငါ့ကောင် ၊ ယွန်းငယ်လေးကိုဂရုစိုက်"

"အေးပါကွာ ၊ သူကအခုငါ့မိန်းမပါ ၊ ပြစ်မထားပါဘူးစိတ်ချ"

"Ok ဒါဆိုညကျတဝိုင်းနော်ဖေ့သား"

"ပင်ပန်းနေပြီနားတော့မယ် ၊ ဘယ်တဝိုင်းမှမလုပ်ဘူး"

"မရဘူးနော်ဟေ့ကောင် ငါတို့ကိုတဝိုင်းမလုပ်ပေးရင်မင်းလဲမပြန်ရဘူးမှတ်"

"ဒါဆိုလဲကဒ်ယူသွားလိုက် ရော့"

"ဟွန်းဟွန်း နိုးပါ ၊ မင်းပါလိုက်ရမယ်"

"ကျစ် နားချင်ပါပြီဆို"

"ယွန်းငယ် ကိုကြီးတို့ဒီကောင့်ကိုခေါ်သွားမယ်ရလား"

"ရှင် ဟုတ် ရတယ်လေ ၊ ကိုကိုလိုက်သွားလိုက်လေ ၊ ခေါ်နေတာကို"

"အင်း မိုးချုပ်ထိမနေဘူးနော်ဟိုကောင်တွေ ၊ ငါမနက်အလုပ်ရှိတယ်"

"ကိုကို ၊ အန်ကယ်ကလေအလုပ်ကိုတပတ်ပိတ်ပေးထားတယ်"

ယွန်းကိုကို့ကိုတိုးတိုးလေးကပ်ပြောလိုက်တယ်။

"ဟမ် ဘယ်တုန်းကလဲ"

"ခုနကယွန်းကိုပြောတာ ၊ ဟန်းနီးမွန်းအတွက်တဲ့"

"ဘာကြီးလဲယွန်း"

"ဘာမှမဟုတ်ပါဘူး ၊ လာလာသွားကြရအောင် ၊ 9နာရီလောက်ကျပြန်လာခဲ့မယ်ယွန်း"

"ဟုတ်"

ယွန်းလဲကွန်ဒိုကိုပြန်လာခဲ့တယ် ၊ တံခါးဖွင့်လိုက်ခြင်းမှာဘဲမြင်လိုက်ရတာကဧည့်ခန်းအပြည့်ဖြစ်နေတဲ့လက်ဖွဲ့ပစ္စည်းတွေ။

Unequal Love (မညီမျှသောချစ်ခြင်း)Hikayelerin yaşadığı yer. Şimdi keşfedin