Part 9

3.8K 100 0
                                    

အပိုင်း ၉

Unicode

"ယွန်း သမီးဘာလိုသေးလဲ"

"မလိုတော့ဘူးမေမေ ၊ ယွန်းသွားတော့မယ်"

"ဘယ်ကိုသွားမှာတုန်း ၊ သားသြရဝင်ခေါ်လိမ့်မယ်ဒီကဘဲစောင့်"

"ဟမ် ကိုကိုကလား ၊ မဖြစ်နိုင်တာမေမေရယ်"

"အော် တကယ်ပါဆို ၊ မိုးနဲ့အတူလာလိမ့်မယ် ၊ မေမေတို့အပြင်သွားမလို့ချိန်းထားတာ"

"သေချာရဲ့လားမေမေရယ် ၊ တော်ကြာယွန်းနောက်ကျနေဦးမယ်"

"မိုးဖုန်းလှမ်းဆက်တာသမီးကိုစောင့်နေတဲ့ ၊ ဟော ပြောရင်းကားသံကြားတယ်လာပြီနေမှာ ၊ မိသော်တံခါးသွားဖွင့်လိုက်ဦး"

"ကေသီရေ"

"လာလာ မိုး"

"အန်တီမိုးမင်္ဂလာပါ"

"အမလေး ယွန်းငယ်လေးကလှနေရော ၊ ဟိုမှာတဝကြီးပျော်ခဲ့နော်"

"မိုးမှာစရာတောင်မလိုလောက်ဘူးထင်တယ် ၊ သမီးကပင်လယ်ဆိုအရမ်းသဘောကျတာ ၊ ရေထဲဆိုထိန်းမရတော့ဘူး ၊ ဒါကြောင့်သွားမယ်ဆိုထဲကတတွတ်တွတ်ပြောနေရတယ်မိုးရေ"

"မေမေကလဲ"

"အန်တီကေသီ ၊ မင်္ဂလာပါဗျာ့"

"ဟုတ်ပါပြီ မင်္ဂလာပါကွယ်"

ကိုကို့အသံကြားတာမို့ယွန်းကြည့်လိုက်မိတော့6ပေကျော်အရပ်မှာရှပ်အညိုဖျော့လေးကိုစတိုင်ပန်အဖြူနဲ့ဝတ်ထားပြီးစမတ်ကျနေတဲ့လူကိုတွေ့လိုက်ရတယ် ၊ အမယ် နေကာမျက်မှန်ကတပ်ထားသေး။

သြရအန်တီကေသီ့ကိုနှုတ်ဆက်ပြီးဟိုကလေးမကိုကြည့်မိတော့ဂျင်းဘောင်းဘီအပြာနုလေးနဲ့တီရှပ်အဖြူလေးတွဲဝတ်ထားတာတွေ့လိုက်တယ် ၊ ဒီလိုကျတော့ပြောစကားနားထောင်သားဘဲ။

"ဒါဆိုသားတို့သွားရင်သွားကြတော့လေ ၊ နောက်ကျနေကြဦးမယ်"

"ဟုတ်ကဲ့ဗျာ့ ၊ ယွန်းသွားရအောင်လေ"

"ဟို ခနနော်ကိုကို ၊ ယွန်းဖေဖေ့ကိုနှုတ်ဆက်လိုက်ဦးမယ်"

"ဖေဖေလာပါပြီသမီးငယ်ရဲ့"

"ဟီး ဖေဖေအိပ်ပုတ်ရေယွန်းသွားတော့မယ်"

"အဟော သူကတက်ကြွနေပြီးသူများကိုအိပ်ပုတ်တဲ့ဗျာ ၊ ကဲကဲ သွားကြ ဂရုစိုက်ကြဦး ၊ ရေအနက်ထိမသွားနဲ့နော်သမီးငယ်"

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now