Part 4

5.2K 125 0
                                    

အပိုင်း ၄

Unicode

"သား ဘာဖြစ်လို့လဲ"

"ဒီလိုမာမီ အဲ့နေ့ကသူ..."

"ဟို အဲ့နေ့ကယွန်းလူတယောက်နဲ့တိုက်မိတာ ၊ ယွန်းကလိမ္မော်ရည်သောက်နေတော့အဲ့လူအင်္ကျီကိုပေသွားတာ ၊ အဲ့တာယွန်းကိုအုပ်စုလိုက်ပြသနာရှာလို့ယွန်းသုံးသောင်းပေးလိုက်ရတယ် ၊ ဒါမဲ့သူတို့ကမကျေနပ်ဘဲယွန်းကိုဆွဲလားရမ်းလားလုပ်နေလို့ထွက်ပြေးလာရင်းအကိုခွန်းကိုထပ်ဝင်တိုက်မိတာ ၊ အကိုခွန်းကကူလိုက်လို့ယွန်းအဲ့နေ့ကသူတို့နောက်ပါမသွားတာ"

"မေမေ့ကိုအဲ့ကိစ္စဘာလို့မပြောတာလဲယွန်း ၊ သူတို့ကအငြိုးထားရင်ဘယ်လိုလုပ်မလဲ ၊ ဒီသမီးလေးတယောက်ထဲရှိတာတခုခုဆိုမေမေကဘယ်လိုလုပ်ရမှာလဲယွန်း"

"ယွန်းလဲတမင်တိုက်မိတာမှမဟုတ်တာ ၊ ယွန်းလဲလန့်နေခဲ့တာကို"

"ကဲပါ ကေသီရယ် ၊ ယွန်းလေးလဲဘာမှမှမဖြစ်သွားတာစိတ်လျော့နော်"

"ဘာမှမဖြစ်ခဲ့လို့ပေါ့မိုးရယ် ၊ တခုခုဆိုကေသီရင်ကျိုးရမှာ ၊ သားကိုလဲကျေးဇူးတင်ပါတယ်ကွယ် ၊ မိသားစုတွေတရက်လောက်အိမ်လည်လာခဲ့ကြပါလား ၊ ထမင်းဖိတ်ကျွေးချင်လို့"

"အားနာစရာကေသီရယ်"

"မဟုတ်တာလာခဲ့ကြနော် ၊ လာမယ်မလား"

"ဟုတ် လာခဲ့ပါ့မယ်အန်တီ"

"ကလေးတွေကသိကြတယ်ဆိုတော့နေရမခက်တော့ဘဲအဆင်ပြေတာပေါ့ ၊ ဒါဆိုမိုးတို့ဆိုင်တခုခုသွားကြမလား ၊ စကားအေးဆေးပြောကြတာပေါ့"

"ကောင်းတာပေါ့မိုးရဲ့ ၊ ဒါဆိုယွန်းရေမေမေ အန်တီမိုးနဲ့ခနလိုက်သွားလိုက်ဦးမယ်နော် ၊ သားကိုလဲတခုလောက်အန်တီတောင်းဆိုချင်လို့ရမလား"

"ဟုတ်ကဲ့ ပြောပါဗျာ့အန်တီ"

"ယွန်းလေးကိုနောက်လဲသားစောင့်ရှောက်ပေးပါလားဟင် ၊ အန်တီအကူညီတောင်းတာပါ"

"မေမေကလဲယွန်းကဘာဖြစ်နေလို့လဲ"

"တိတ် ယွန်းငယ် ၊ မေမေစကားပြောနေတယ်"

"ဟုတ် ရပါတယ်ဗျာ့ ၊ နန္ဒတို့ညီမဆိုတော့ကျွန်တော့်ညီမဘဲပေါ့ ၊ စိတ်ချပါအန်တီ ယွန်းကိုကျွန်တော်စောင့်ရှောက်ပေးပါ့မယ်"

Unequal Love (မညီမျှသောချစ်ခြင်း)Donde viven las historias. Descúbrelo ahora