အပိုင်း ၂၄
Unicode
ကိုကြီးကအလုပ်သွားလုပ်နေပြီးရတီကလဲခန့်လေးပစ္စည်းတွေသိမ်းနေတာမို့ခွန်းလေးနဲ့ခန့်လေးနဲ့တို့ဆော့နေကြတာကိုယွန်းထိုင်သာကြည့်နေပေမဲ့စိတ်တွေကတော့ကလေးတွေစီမှာရှိမနေ ၊ ကိုကိုကနောက်ကနေလိုက်ချော့မလားမှတ်ပေမဲ့လိုက်ချော့ဖို့နေနေသာသာဖုန်းလေးတောင်တချက်မဆက်ပေ ၊ သူတောင်နေနိုင်သေးတာဘဲယွန်းကရောဘာကိစ္စမနေနိုင်ရမှာလဲ။
"ယွန်းလေး"
"ဟုတ်"
"လေးနာရီကျော်နေပြီ ၊ ညနေစာစားတော့မလား"
"ဟင် လေးနာရီတောင်ကျော်ပြီလား"
"ဟုတ်တယ်လေမမရဲ့"
"ဒါဆိုယွန်းပြန်တော့မယ်လေ ၊ အစောကြီးရှိသေးတယ်ထင်နေတာ"
"ယွန်းလေး"
"ဟုတ်"
"တခုခုဖြစ်နေတာလား"
"ဟင် မဖြစ်ပါဘူး"
"ဟိုကောင့်ကြောင့်လား"
"မဟုတ်ပါဘူး"
"ကိုကြီးပြောမယ် ၊ ယွန်းလေးငယ်ငယ်ထဲကကိုကြီးကထိန်းလာတာ ၊ တခုခုဖြစ်နေမှန်းကိုကြီးသိတယ် ၊ ဒါပေမဲ့မပြောချင်ရင်ကိုကြီးအတင်းမမေးဘူး ၊ တခုတော့မှတ်ထား ၊ တခုခုဆိုကိုကြီးနဲ့ထွဋ်ခေါင်ကယွန်းလေးအနားမှာအမြဲရှိတယ် ၊ အဲ့တာကိုမှတ်ထား"
"ဟုတ်ကဲ့ပါကိုကြီးရဲ့ ၊ ယွန်းသိပါတယ် ၊ စိတ်မပူပါနဲ့ဟုတ်ပြီလား"
"ဟုတ်ပါပြီဗျာ"
"ဒါဆိုယွန်းပြန်တော့မယ် ၊ နောက်မှထပ်တွေ့မယ်နော်ရတီ"
"ဟုတ်မမ"
"ဒါဆိုဂရုစိုက်ပြန် ၊ ခွန်းလေးပါတော့ကားကိုဖြေးဖြေးမောင်း ၊ ကြားလား"
"ဟုတ်ပါပြီကိုကြီးရဲ့ ၊ ဒါဆိုယွန်းသွားပြီ ၊ တာ့တာရတီ"
"တာ့တာမမယွန်း"
"ခွန်းလေးပြန်မယ်"
"ဟုတ်မာမီ ၊ ခန့်လေးတာ့တာ မွ"
ယွန်းကိုကြီးနဲ့ရတီကိုနှုတ်ဆက်ပြီးပြန်လာခဲ့လိုက်တယ် ၊ ယွန်းပြန်ရောက်တဲ့အထိကိုကိုကပြန်မရောက်သေး ၊ ငါးနာရီပင်ထိုးတော့မည်။
أنت تقرأ
Unequal Love (မညီမျှသောချစ်ခြင်း)
عاطفيةMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ