Part 18

3.8K 85 4
                                    

အပိုင်း ၁၈

Unicode

ယွန်းဝင်သွားတော့မှသြရလဲမိဘတွေကိုဖုန်းဆက်ဖို့သတိရတော့သည်။

"ဟလိုမာမီ"

"ဘာလို့လဲသား"

"ယွန်းဗိုက်နာလို့သားတို့ဆေးရုံရောက်နေတယ် ၊ အခုမွေးခန်းထဲဝင်သွားပြီ"

"ဟယ် ဟုတ်လား ၊ မာမီတို့အခုထွက်လာခဲ့မယ် ၊ ဘာယူခဲ့ရဦးမလဲသား"

"မယူတော့ဘူးမာမီ"

"စိတ်အေးအေးထားနော် ၊ မာမီတို့အခုလာခဲ့မယ်"

"ဟလိုမေမေ"

"သားသြရဒီချိန်ကြီးဘာဖြစ်လို့လဲ"

"ယွန်းဗိုက်နာလို့ကျွန်တော်တို့ဆေးရုံရောက်နေပြီမေမေ ၊ အခုယွန်းကမွေးခန်းထဲရောက်နေပြီ"

"ဟင် ဒါဆိုမေမေတို့အခုလာခဲ့မယ် ၊ သားဘာလိုသေးလဲ"

"မလိုတော့ဘူးမေမေ ၊ ကျွန်တော်အဲ့တာလှမ်းပြောတာ"

"အေးအေး ​မေ​မေတို့အခုလာခဲ့မယ်သား"

"ဒီကအစ်ကိုရှင့် ၊ လူနာအတွက်လိုအပ်တာတွေရောပါလားရှင့်"

"ပါပါတယ်ဗျာ့ ၊ ကျွန်တော်အခုသွားယူလိုက်ပါမယ် ၊ ခနလေးပါ"

သြရလဲကားဆီကိုပြေးပြီးလိုအပ်တာတွေပြန်ယူရပြန်တယ်။

"ဒီမှာပါဗျာ့"

"​ဒါဆိုလိုအပ်တာလေးတွေဖြည့်ဖို့ကျွန်မနဲ့လိုက်ခဲ့ပေးပါ"

သြရလဲလိုအပ်တဲ့အချက်လက်တွေဖြည့်ပြီးမွေးခန်းရှေ့ကိုပြန်လာခဲ့တယ် ၊ ခနကြာတော့မာမီတို့ရောမေမေတို့ပါရှေ့ဆင့်နောက်ဆင့်ရောက်လာကြသည်။

"သား ယွန်းလေးမွေးပြီလား"

"ဟင့်အင်းမာမီ"

"ဝင်သွားတာကြာပြီလားသား"

"ကျွန်တော်တို့ဒီရောက်တော့တနာရီထိုးခါနီးပြီ ၊ အခုဆိုလေးဆယ့်ငါးမိနစ်လောက်ရှိပြီ ၊ ဘာမှတော့လာမပြောသေးဘူး ၊ ဘာလို့လဲမသိဘူး"

"တခုခုဆိုnurseတွေကလာပြောမှာပါသားရဲ့"

"ဟုတ်ဒယ်ဒီ"

Unequal Love (မညီမျှသောချစ်ခြင်း)Opowieści tętniące życiem. Odkryj je teraz