အပိုင်း ၂၅
Unicode
"ယွန်းဘာဖြစ်လို့လဲ"
သြရမေးပေမဲ့မဖြေဘဲငိုနေတာမို့ဖက်ထားပေးလိုက်တယ်။
"ဘာလို့လဲhoneyရာ ၊ ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့"
"........."
"သားကိုစိတ်ပူလို့ငိုတာလား ၊ သားကဘာမှမဖြစ်ဘူးလေ"
"........."
"ကိုယ့်ကြောင့်လား ၊ ကိုယ်အဲ့အလုပ်ကိုမင်းမကြိုက်ရင်ဖျက်လိုက်မယ်"
"ဟင့်အင်း"
ကိုကိုစိတ်အားထက်သန်နေတဲ့ကိစ္စအပေါ်ယွန်းလဲမတားချင် ၊ အဲ့တာထက်ကိုကိုကLAခနခနသွားနေရမှာကိုစိတ်မချတာမို့ယွန်းလဲLAကိစ္စကိုအဆုံးသတ်စေချင်တာလဲပါသည်။
"ကိုယ့်အတွက်ဒီလောက်ကအရေးမကြီးပါဘူး"
"ဟင့်အင်း"
"ဒါဆိုhoneyဘာဖြစ်ချင်လဲ ၊ ကိုယ့်ကိုပြော"
"........."
"Honeyဖြစ်ချင်တာပြော ၊ ကိုယ်လုပ်ပေးမယ်"
"........."
"ဟင် တခုခုများဖြစ်ချင်တာမရှိဘူးလား"
".........."
မေးလိုက်တိုင်းပြန်မဖြေတာကြောင့်သြရကြည့်လိုက်တော့ယွန်းကငိုရင်းနဲ့ပင်အိပ်ပျော်သွားလေပြီ ၊ ဒီကောင်မလေးမှာစိတ်ဖိစည်းမှုတွေများနေတဲ့ပုံဘဲ ၊ သြရသက်ပြင်းချလိုက်ပြီးယွန်းနဖူးလေးကိုနမ်းလိုက်တယ် ၊ ကိုယ့်အနမ်းကြောင့်မင်းအိမ်မက်လေးတွေလှပပါစေကိုယ့်အချစ် ၊ သြရလဲယွန်းကိုချီလိုက်ပြီးသားဘေးနားမှာချပေးလိုက်တယ် ၊ ဒီမိသားစုအသိုက်အမြုံလေးကိုဘယ်လိုကြောင့်မှသြရအပျက်ခံမည်မဟုတ်ပေ။
.........................................
ယွန်းနိုးလာတော့အပြင်ဘက်မှာမှောင်တောင်မှောင်နေပြီ ၊ နာရီကိုကြည့်လိုက်တော့လဲခုနစ်နာရီကျော်နေပြီမို့ဒီလောက်ထိအိပ်ပျော်သွားတာမှန်းမထင်ထားခဲ့ဘူး ၊ ဘေးကိုကြည့်မိတော့ကိုကိုနဲ့သားကအိပ်နေကြတုန်းပင် ၊ ယွန်းလဲသားကိုဆေးတိုက်ရဦးမှာမို့ညစာကိုလွယ်မဲ့ဟာလေးအမြန်ချက်လိုက်တယ်။
CZYTASZ
Unequal Love (မညီမျှသောချစ်ခြင်း)
RomansMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ