Part 39

5.7K 115 2
                                    

အပိုင်း ၃၉

Unicode

ဒီနေ့နဲ့ဆိုသြရParisကိုရောက်တာတပတ်ကျော်နေပြီပေမဲ့ခုထိယွန်းတို့ကိုမတွေ့ရသေးပေ ၊ ဒါပေမဲ့ယွန်းတို့ကိုမတွေ့မချင်းသြရပြန်ဖို့စိတ်ကူးလဲမရှိပေ။

"Ohh sorry!"

အအေးကိုသောက်ရင်းပတ်ဝန်းကျင်ကိုငေးနေတဲ့ကောင်လေးတယောက်ကသြရကိုမမြင်ဘဲဝင်တိုက်လိုက်တာမို့အင်္ကျီတွေပေသွားရတယ်။

"ဒီပန်းခြံထဲမှာသန့်စင်ခန်းရှိတယ် ၊ အဲ့မှာသွားဆေးလိုက်ပါလား ၊ အဆင်မပြေရင်ကျွန်တော်အင်္ကျီအသစ်ထပ်ဝယ်ပေးပါ့မယ်"

"ရပါတယ် မဝယ်ပေးပါနဲ့တော့ ၊ ရေဘဲသွားဆေးလိုက်တော့မယ်"

သြရလဲကောင်လေးကိုပြန်ပြောလိုက်ပြီးသန့်စင်ခန်းကိုထွက်လာလိုက်တယ် ၊ ဆေးပြီးသွားလို့ပြန်အထွက်နောက်တယောက်နဲ့ထပ်တိုက်မိတာမို့ဘယ်သူကတိုက်ပြန်ပြီလဲအကြည့်

"ဒယ်ဒီ!"

"ခွန်း!"

"တကယ်ဒယ်ဒီလား"

"သားဘယ်တွေရောက်နေတာလဲ ၊ ဒယ်ဒီကရှာနေခဲ့တာ"

"အင့် ဒယ်ဒီ့ကိုခွန်းကလွမ်းနေခဲ့တာ ၊ အများကြီးကိုလွမ်းနေခဲ့တာ"

"သားရယ်"

"အဟင့်"

"တောင်းပန်ပါတယ် ၊ ဒယ်ဒီ့ကြောင့်အခုလိုတွေဖြစ်ရတာ"

"..........."

"တောင်းပန်ပါတယ်ဒယ်ဒီ့ကလေးရယ်"

"ရပါတယ်ဒယ်ဒီ"

"မာမီရောသား"

"ပန်းခြံထဲမှာ ၊ အာ ဟုတ်သား ၊ မာမီခွန်းကိုစောင့်နေတော့မှာ ၊ ခွန်းပြန်သွားတော့မယ်"

"ပြန်သွားတော့မလို့လား"

"ဒယ်ဒီ့ဖုန်းပေး"

"အင်း ရော့"

"ဒါခွန်းနံပါတ် ၊ အမြဲတမ်းတော့မကိုင်ရဘူး ၊ ဒယ်ဒီစာပို့လို့တော့ရပေမဲ့ဖုန်းတော့မဆက်နဲ့နော် ၊ ခွန်းသွားပြီ မွ တာ့တာ"

"သားခန..."

သြရတောင်တားမရလိုက်သားကပြေးသွားလေပြီ ၊ ဘာဖြစ်ဖြစ်သားကိုတွေ့လိုက်ရပြီမို့မျှော်လင့်ချက်ရောင်ခြည်တွေကထွက်ပေါ်လာရသည် ၊ သြရလဲသားအနောက်ကနေမသိမသာလေးလိုက်လာလိုက်တယ်။

Unequal Love (မညီမျှသောချစ်ခြင်း)Hikayelerin yaşadığı yer. Şimdi keşfedin